17

961 43 2
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.17

စစ်မာန်ရဲ့ကားလေးကပန်းနီတို့အိမ်ရှေ့မှာထိုးရပ်သွားလေ၏။

သူကားပေါ်ကဆင်းပြီးအိမ်ထဲကိုလှမ်းမျှော်ကြည့်တော့လူရိပ်တစ်ခုမှမတွေ့ရပါ။

သူအိမ်ရှေ့ကဘဲလ်ကို​တီးလိုက်တော့ပန်းနီးကအိမ်ထဲကပြေးထွက်လာပြီးခြံတံခါးနားရောက်ခါနီးမှကိုယ်ရှိန်သတ်သွားကာ

''ကိုကိုကြီး...ဘာလာလုပ်တာလဲ''

''တံခါးဖွင့်ပေး''

''အိမ်မှာဘယ်သူမှမရှိဘူး''

''ပိုတောင်ကောင်းသေးတယ် တံခါးဖွင့်''

''မဖွင့်ပေးဘူး''

''ရတယ်လေ သုံးအထိရေလို့မှတံခါးဖွင့်မပေးရင်မင်းနဲ့ငါ့အကြောင်းတစ်ရပ်ကွက်လုံးသိသွားစေရမယ်''

''ဘာရယ် မင်း ဟုတ်လား ဘာလာအရူးထနေတာလဲ''

''တစ်''

''....''

''နှစ်''

''....''

''သုံး...ဟောဒီ့ကပန်းနီနီနဲ့ကျွန်တော်က..''

''အဲ ရပ်ရပ် ဖွင့်ပြီလို့''

သူမကဆူအောင့်အောင့်နဲ့ပဲတံခါးဖွင့်ပေးလာလေ၏။

ပြီးတာနဲ့ခြေကိုခပ်ဆောင့်ဆောင့်နင်းကာအိမ်ထဲသို့အရင်ဆုံးဝင်သွားလေသည်။

အိမ်ထဲ​ရောက်သည်နှင့်သူ့အားလှည့်မကြည့်ဘဲ

''ထပ်မတွေ့ဘဲနေရအောင်လို့ပြောထားတာကိုဘာလို့လာနေသေးတာလဲ မုန်းဖို့ကောင်းလိုက်တာ''

စစ်မာန်သူမအားဆွဲလှည့်ပြီးကျောလေးအားသိုင်းဖက်ကာ

''မတွေ့ရရင်မနေနိုင်တော့လို့ပေါ့''

သူ့စကားကြားတော့ပန်းနီကသူ့အားတအံ့တသြနဲ့မော့ကြည့်လာလေ၏။

''ဖေဖေကပြောတယ် ချစ်တယ်ပြောဖို့မတုံ့ဆိုင်းရဘူးတဲ့ အခုကိုကိုကြီး,ပန်းနီကိုချစ်မိနေပြီ ချစ်တာမှလေ မျက်စိအောက်ကအပျောက်မခံနိုင်လောက်တဲ့ထိပဲ''

''အရင်ကတော့မျက်စိနောက်တယ်ဆို အမြင်ကပ်တယ်ဆို နင်ဖြစ်နေလို့ကိုမကြိုက်တာဆို''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now