9

636 21 0
                                    

Unicode

အချစ်သည်လေညင်းကဲ့သို့.....

Part.9

''ကိုကိုသဘောမတူဘူး''

လွှာအစ်ကိုဖြစ်သူအားထည်ဝါသူမကိုဖွင့်ပြောသည့်အကြောင်းပြောပြတော့ကိုကိုကခါးခါးသီးသီးကိုငြင်းလာ၏။

''ဘာဖြစ်လို့လဲကိုကိုရဲ့ ကိုကိုပဲပြောတော့ညီမလေးရဲ့အချစ်ရေးအိမ်ထောင်ရေးမှာဝင်မစွက်ဖက်ဘူးဆို''

''ဟုတ်တယ် ဒါပေမယ့်မာန်ထည်ဝါနဲ့တော့မရဘူး သူ့အကြောင်းလည်းညီမလေးသိရဲ့သားနဲ့ သူကမကြာခင်အားလုံးကိုပြန်ပြီးသတိရလာနိုင်တယ် အဲ့ခါကျရင်သူနဲ့ဟိုမိန်းကလေးရဲ့ပတ်သက်မှုတွေကိုသူပြန်သတိရလာပြီးညီမလေးကိုထားခဲ့ရင်ဘယ်လိုလုပ်မလဲ''

''သူတို့ကဘာမှမပတ်သက်ဘူးတဲ့ အသက်ဆိုတဲ့မိန်းကလေးကိုယ်တိုင်ပြောတာ''

''ညီမလေးထင်လား သူအဲ့မိန်းကလေးကိုဘယ်လောက်ချစ်ခဲ့လဲဆိုတာညီမလေးမသိပါဘူး''

''.....''

''သူ့တပည့်တွေရော သူ့မိဘတွေရောကသူအဲ့မိန်းကလေးကိုဘယ်လောက်ချစ်ခဲ့ကြောင်းတွေပြောနေကြတာကိုကိုနားနဲ့မဆံ့အောင်ကြားခဲ့ရတာ''

''ဒါပေမယ့်...''

''တိမ်ဝတ်လွှာ နင်ထပ်မပြောနဲ့တော့နော် နင်သူနဲ့မကြိုက်ရဘူး ငါဒါပဲပြောမယ် မကြာခင်ကျောင်းတွေဖွင့်တော့မှာ အဲဒါကိုသာအာရုံထဲထည့်ထား''

ပြောပြီးကိုကိုကသူမရှေ့ကနေထွက်သွားလေ၏။

လွှာလည်းခေါင်းငိုက်စိုက်ချလိုက်မိသည်။

သူမရှေ့ဆက်တိုးရမှာလားဒီနေရာပဲရပ်လိုက်ရမှာလား။

*****

သူ့ရှေ့သို့တရွေ့ရွေ့လျှောက်လာသောအမျိုးသမီးကိုကြည့်ပြီး ရှိုင်းသုတသွေးတွေအေးခဲသွားသလိုပင်။

ဒီမျက်နှာလှလှလေးကိုတွေ့တိုင်းသူသေမတတ်ကြောက်နေခဲ့ရတာ။

''အခြေအနေ''

''သူဆေးရုံကဆင်းသွားပါပြီ ကြားရတာတော့ သူ့မိသားစုကလွဲရင်ဘယ်သူ့ကိုမှမမှတ်မိဘူးတဲ့''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now