Extra

1.3K 43 2
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့...

Extra Part

''ဒက်ဒီ ဒက်ဒီ''

ဆံပင်ကောက်ကောက် ဖင်ကောက်ကောက် လူလေးတွေကလုံးလုံးတုတ်တုတ်လေးတွေနဲ့ အရုပ်လေးတွေလိုချစ်စရာကောင်းသောသူ့သမီးနှစ်ယောက်ကသူ့ဆီသို့ပြေးလာ၍ ထည်ဝါ,သမီးဖြစ်သူတွေအားဆီးကြိုကာပွေ့ချီလိုက်လေ၏။

''ဒက်ဒီ ကြီးမကမီးကိုလုပ်တယ်''

''ဟုတ်ပါဘူး ငယ်မကအရင်လုပ်တာဒက်ဒီ''

ဒါကတော့နှစ်နှစ်အရွယ်နဲ့မလိုက်အောင်ဂျင်ဂျင်လည်ကြတဲ့သူ့သမီးအမြွှာနှစ်​ယောက်ပါ။

''ကဲ တော်ကြတော့ သမီးတို့ကအမြွှာတွေလေ သူများတွေထက်ပိုပြီးချစ်ကြရဦးမှာကို သမီးကိုကိုတွေဆိုတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတာမတွေ့ဘူးလား''

ထိုအချိန်မှာပဲအသက်က လေးနှစ်အရွယ်သားနှစ်ယောက်ကိုလက်ဆွဲပြီးအခန်းထဲကထွက်လာလေသည်။

''သွားမယ်ကိုကို သားတွေကျောင်းနောက်ကျတော့မယ်''

''ဟုတ်ပါပြီ ကဲ မင်းသားနှစ်ပါး ကြွ''

''yes daddy''

''yes daddy''

ပြောပြီးသူ့သားအမြွှာနှစ်ကောင်ကအမေဖြစ်သူလက်ကိုလွှတ်ကာကားဆီသို့ပြေးသွားကြလေ၏။

ဟုတ်ပါတယ်။ဒီပေါက်စနတွေကအသက်သူ့အတွက်မွေးပေးထားတဲ့အမြွှာနှစ်မြွှာပါ။

''ထည်ဝါတို့များစွမ်းချက် တစ်ခါမွေးနှစ်​​ယောက်နော်''

ဆိုတဲ့စကားကလည်းသူကြားရဖန်များလွန်းလို့ရိုးအီနေပါပြီ။

''ကိုကို့အသက်လေး ကလေးဝေယျာဝစ္စတွေနဲ့ပင်ပန်းနေပြီလား ကိုကိုအကူထပ်ခေါ်ပေးရမလား''

''ရပါတယ်ကိုကိုရဲ့ မပင်ပန်းပါဘူး အခုအကူကောင်မလေးကတော်တော်အားကိုးရပါတယ်''

''ဟုတ်ပါပြီ သွားကြစို့''

''အင်း သမီးတစ်ယောက်ကိုအသက်ကိုပေးလေ''

''ရပါတယ် လာပါ''

အသက်ကပြုံးရိပ်သမ်းနေသောမျက်နှာလေးနဲ့သူ့အားကြည့်လာ၏။
အိမ်ထောင်သက်ငါးနှစ်ကျော် ကလေးလေးယောက်ရနေပြီဆိုပေမယ့်အခုထိသူတို့အချစ်တွေကလတ်ဆတ်ချိုမြနေတုန်း။

You've reached the end of published parts.

⏰ Last updated: Jul 03 ⏰

Add this story to your Library to get notified about new parts!

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now