18

1K 52 3
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.18

''ဟင်! အစ်မနွယ်ယိမ်းကကားတိုက်ခံရတယ် ဟုတ်လား''

အမေဖြစ်သူစကားကြောင့်အသက်နဲ့ပန်းနီပါမျက်လုံးပြူးကျယ်သွားရလေ၏။

''မေမေ အန်တီနွယ်ယိမ်းကဘာလို့ကားတိုက်ခံရတာလဲ''

''အစ်မအရိပ်ကဆေးရုံရောက်မှပြောပြမယ်တဲ့ သမီးတို့အဖေကိုဖုန်းဆက် မေမေတို့ဆေးရုံလိုက်သွားရအောင်''

''ဟုတ်ကဲ့မေမေ''

သားအမိသုံးယောက် ချက်ချင်းပဲနေရာကနေအလောသုံးဆယ်ထလာခဲ့လိုက်ကြ၏။

ဆေးရုံကိုလာနေတဲ့လမ်းတစ်လျှောက်လုံး အန်တီနွယ်ယိမ်းဘာမှမဖြစ်ဖို့ဝိုင်းဆုတောင်းခဲ့ကြပေမယ့်လည်းသူတို့ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။

သူတို့ဆေးရုံရောက်တယ်ဆိုရင်ပဲအမေဖြစ်သူကိုဖက်ငိုနေတဲ့ညီစေ့ကိုတွေ့လိုက်တာနဲ့ဘာဆိုတာကိုသူမတို့ရိပ်စားမိခဲ့ကြလေ​၏။

''မေမေ ကျွန်တော့်ကိုမထားခဲ့ပါနဲ့ဗျာ ကျွန်တော့်ဆီပြန်လာခဲ့ပါ မေမေမရှိဘဲကျွန်တော််ဘယ်သူ့ကိုသွားပြီးအားကိုးရမှာလဲ''

''သား''

စေရာ သားဖြစ်သူပုခုံးကိုကိုင်လိုက်တယ်ဆိုရင်ပဲသားကသူ့လက်ကိုခပ်ကြမ်းကြမ်းဖြုတ်ချ၍

''လာမထိနဲ့! ကျုပ်ကိုလာမထိနဲ့ ကျုပ်အမေသေရတာခင်ဗျားကြောင့် ခင်ဗျားသ.တ်တာ ခင်ဗျားသ.တ်ပစ်လိုက်တာ!''

''ညီစေမင်း မင်းရိုင်းလှချည်လား ကိုယ့်အဖေကိုဘယ်လိုပြောနေတာလဲ''

''ဘာအဖေလဲ အဟင်း လေးလေးတို့လည်းအတူတူပဲ ကျွန်တော့်အမေကိုသ.တ်လိုက်တဲ့ထဲမှာလေးလေးတို့လည်းပါတယ်''

''ဘာ''

''စစ်မာန်ကကျွန်တော့်အစ်ကိုအရင်းဆိုတာကိုဖုံးကွယ်ထားလို့ခုလိုပြဿနာတွေဖြစ်ရတာ ဒီလိုကိစ္စအကြီးကြီးကိုဘာရည်ရွယ်ချက်နဲ့ဖုံးကွယ်ထားရတာလဲ''

ထိုစကားကိုကြားချိန်မှာစေရာနဲ့စစ်မာန်ကလွဲရင်အားလုံးအံ့အားသင့်ကုန်ကြလေ၏။

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now