20

1.1K 30 1
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.20(ဇာတ်သိမ်းပိုင်း)

''ကျွန်တော်အားလုံးအဆင်ပြေပါတယ်ကိုကြီး ဝန်ထမ်းတွေကလည်းအတော်လေးကြိုးစားကြပါတယ် အင်း ကိုကြီးပို့တဲ့videoကိုကျွန်တော်ကြည့်ပြီးပါပြီ ကိုကြီးတို့ရဲ့မင်္ဂလာပွဲကိုတော့ ကျွန်တော်တက်ဖြစ်မတက်ဖြစ်ကအခြေအနေအရပါပဲ''

ညီစေ,ထည်ဝါနဲ့စကားတွေအများကြီးပြောဖြစ်သည်။
ထည်ဝါကစစ်မာန်,ပန်းနီကိုလက်ထပ်ခွင့်တောင်းတဲ့videoကိုညီစေ့ဆီပို့ပေးသေး၏။

သူတို့ကိုကြည့်ပြီးညီစေမုဒိတာပွားဖို့သာတတ်နိုင်ခဲ့သည်။

''ဒါဆိုဒါပဲကိုကြီး ကျွန်တော်နောက်မှပြန်ဆက်မယ်''

သူဖုန်းချပြီးသည်နှင့်ဖုန်းထဲကvideo fileလေးတစ်ခုအားပြန်ဖွင့်ကြည့်မိသည်။

ပန်းနီအတော်လေးပျော်နေတယ်။စစ်မာန်ရဲ့မျက်လုံးထဲမှာလည်းသူမအတွက်အချစ်တွေကိုမြင်နေရသည်မို့သူအတော်လေးကျေနပ်မိပါတယ်။

သူတို့နှစ်ယောက်ကသိပ်ကိုလိုက်ဖက်တာပဲ။

ထိုစဥ်သူ့ရုံးခန်းတံခါးပွင့်၍သူမော့ကြည့်လိုက်တော့သူ့အဖေကိုတွေ့လိုက်ရတာကြောင့်သူချက်ချင်းပဲထိုင်ရာကထရပ်လိုက်မိသည်။

''ဖေဖေ''

''သား''

သူ့အဖေကသူ့ဆီရောက်လာပြီးသူ့ကိုဖက်ကာ

''ဖေဖေနောက်မကျဘူးမလားသား''

''အင်း နောက်မကျပါဘူး''

''မင်းဖေဖေ့ကိုခွင့်လွှတ်နိုင်ပြီလား''

''အဲဒါကဖေဖေ့အပေါ်မှာမူတည်တယ်''

''ဖေဖေသိပါတယ် ဒီနေ့ကစပြီး ဖေဖေကသားအတွက်အဖေကောင်းတစ်ယောက်ဖြစ်စေရပါ့မယ်''

သူအဖေဖြစ်သူအားပြန်သိုင်းဖက်လိုက်ပြီး

''မေမေသာရှိနေသေးရင်ပိုကောင်းမှာကို''

ပြောရင်းသူမျက်ရည်တွေဝေ့တက်လာရ၏။

''ဖေဖေ့အမှားတွေပါပဲ ဒါပေမယ့်မင်းမေမေကဖေဖေတို့နှလုံးသားထဲမှာအမြဲရှင်သန်နေမှာလေ အဲတော့ဖေဖေတို့နဲ့အတူရှိနေသလိုပဲမလား''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now