16

996 46 4
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.16

သူဆေးရုံရောက်ပြီးမကြာခင်မှာပဲလွှာကခွဲစိတ်မှုပြီးသွားခဲ့လေ၏။

''ညီမလေး အဆင်ပြေလား''

''ဟုတ်ကိုကို ပြေပါတယ်''

ရဲနောင်ကထည်ဝါ့ကိုတစ်ချက်ကြည့်ပြီးမှ

''အေးဆေးစကားပြောကြ''

ဟုဆိုကာအခန်းထဲကထွက်သွားပေးလေသည်။

''ဘယ်လိုဖြစ်ရတာလဲလွှာရယ် ကိုယ့်ဆီလာကတည်းကနေမကောင်းတာကိုဘာလို့မပြောတာလဲ''

သူမစိတ်ထဲ

''အစ်ကိုကအသက်အာရုံစိုက်နေတာကိုး''

လို့ဖြေလိုက်ပေမယ့် တစ်ကယ်သူမနှုတ်ကထွက်လာသည်က

''အူအတက်မှန်းမသိလို့ပါ သူ့ဘာသာပျောက်သွားမယ်ထင်ထားလို့''

''ဖြစ်ရမယ် အခုကရောဘယ်ကနေဘယ်လိုဆေးရုံကိုရောက်လာတာလဲ''

''အိမ်ရောက်တော့ကိုကိုနဲ့ဖုန်းပြောနေရင်းဗိုက်ကမခံမရပ်နိုင်နာလာပြီးကိုကို့ကိုပြောလိုက်တာ အဲမှာကိုကိုလာခေါ်ပေးတာ''

သူတို့ကြားခဏနှုတ်ဆိတ်သွားပြီးမှ လွှာက

''အစ်ကို လွှာ့ကိုချစ်ရဲ့လားဟင်''

သူတော်တော်နဲ့ပြန်မဖြေဘဲငိုင်သွားတော့လွှာကသဘောပေါက်စွာပြုံးရင်း

''အစ်ကို လွှာရေဆာလို့''

ဟုစကားလမ်းကြောင်းလွှဲလိုက်၏။

ထည်ဝါကအနားကရေခွက်နဲ့ဂွမ်းစလေးကိုယူကာ ဂွမ်းကိုရေစွတ်ပြီးသူမနှုတ်ခမ်းမှာတို့ပေးလာလေသည်။

သူမရဲ့မေးခွန်းအားအစ်ကိုကဟန်ဆောင်ပန်ဆောင်တောင်ဖြေမပေးနိုင်ခဲ့ဘူးပဲ။

.....

သူအသက်တို့အိမ်ပြန်ရောက်တော့ ခြံထဲကဒန်းပေါ်မှာစာအုပ်ထိုင်ဖတ်နေသောအသက်အားကားပေါ်ကနေစိတ်လိုလက်ရငေးကြည့်နေမိခဲ့၏။

ဒီအတောအတွင်းသူမဘယ်လောက်စိတ်ပင်ပန်းနာကျင်ခဲ့ရမှာပါလိမ့်။

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now