3

928 27 0
                                    

*Unicode*

အချစ်သည် လေညင်းကဲ့သို့...

         (or)

ချစ်တယ်ဆိုတာထက်ပို s2

Part.3

''ကိုကိုကြီး''

ပန်းချီဆွဲနေသောသူ့အားပန်းနီကမေးထောက်ကာထိုင်ကြည့်ပြီး

''ကိုကိုကြီးလို့''

''ဘာလဲ''

''မနက်ဖြန်ကျရင်ရှုတင်လိုက်ပို့ပါလားဟင်''

''မအားဘူး''

''လုပ်ပါကိုကိုကြီးကလည်း''

''ပန်းနီ ငါဘာလုပ်နေလဲနင်မမြင်ဘူးလား အာရုံလာမနောက်စမ်းနဲ့''

သူမကနှုတ်ခမ်းလေးစူရင်းနှုတ်ဆိတ်သွားပြီး ခဏကြာတော့...

''အဲ ဒီလိုကြည့်မှကိုကိုကြီးကဦးလေးစေရာနဲ့အရမ်းတူတာပဲ ဟီးးး''

ထိုစဥ်

''ဘာမှမတူဘူး''

အသံနဲ့အတူညီစေကသူတို့ရှိနေတဲ့နေရာကိုရောက်လာလေ၏။

''ငါ့အဖေကဘာလို့သူနဲ့တူရမှာလဲ နင်မျက်စိဆေးခန်းလေးဘာလေးသွားပြဦးပန်းနီ''

''အတည်ပြောနေတာကို''

ညီစေတစ်ခုခုဆက်ပြောဖို့လုပ်တုန်း ပန်းနီကသူ့လက်မောင်းကိုခိုတွဲပြီး

''ဒါနဲ့နင်မနက်ဖြန်အားလား''

''ဘာလို့လဲ''

''ငါ့ကိုရှုတင်လိုက်ပို့ပေးပါလားလို့''

''လိုက်ပို့မယ်လေ''

''နင်ကအားလို့လား''

''နင့်အတွက်ဆိုဘယ်တုန်းကမအားတာရှိလို့လဲ''

''ငါ့သူငယ်ချင်းလေးကအရမ်းချစ်ဖို့ကောင်းတာပဲ တစ်စုံတစ်ယောက်နဲ့အရမ်းကွာတယ် ဟီးဟီး''

ညီစေလက်မောင်းကိုခိုတွဲပြီးသူမကိုယ်လေးနဲ့ကပ်တွယ်နေတဲ့ပန်းနီအား စစ်မာန်တစ်ချက်စိုက်ကြည့်ပြီးအကြည့်လွှဲလိုက်လေ၏။

တွေ့သမျှယောကျ်ားလေးနဲ့လက်ပွန်းတတီးနေနေတော့တာပဲ။

_________

နောက်နေ့မှာ ပန်းနီအိမ်ကိုရောက်လာသူကညီစေမဟုတ်ဘဲကိုကိုကြီးဖြစ်နေ၍ပန်းနီကတအံ့တသြဖြင့်

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now