12

952 24 1
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.12

''အသက်ကျောင်းပြီးတာနဲ့ကိုကိုအသက်ကိုလာတောင်းမှာနော်''

''အသက်ကကိုကို့အသက်လေးမို့လို့ပေါ့''

''ကိုကိုကလွဲရင်ဘယ်ကောင့်ကိုမှမကြည့်ရဘူးနော်''

''မင်းလုပ်ရက်လိုက်တာအသက်ရာ''

နားထဲမှာပီပီသသကြားယောင်နေတဲ့စကားတွေနဲ့အတူသူတစ်ကိုယ်လုံးချွေးတွေစိုရွဲလာလေ၏။

''အသက်...အသက်''

နှုတ်ကခပ်ဖွဖွရေရွတ်ရင်းသူမျက်လုံးကိုဖျက်ခနဲဖွင့်ကြည့်လိုက်မှပဲအိပ်မက်မက်နေမှန်းသိရတော့သည်။

သူဘာလို့ဒီမိန်းကလေးကိုအိပ်မက်မက်နေရတာလဲ။

''ဟူးး''

သူလေပူတစ်ချက်မှုတ်ထုတ်ပြီးအိပ်ရာမှထကာအခန်းထဲကထွက်လာခဲ့လိုက်၏။

သူအောက်ထပ်ကိုဆင်းရန်ဝရန်တာကနေဖြတ်အသွားမှာ သူ့အစ်ကိုကိုဝရန်တာမှာတွေ့လိုက်ရ၍သူခြေလှမ်းတွေအားအစ်ကိုဖြစ်သူဆီဦးတည်လိုက်သည်။

''ကိုကြီး မအိပ်သေးဘူးလား ဒီမှာဘာလုပ်နေတာလဲ''

''အိပ်မပျော်လို့ပါ မင်းကရော''

''ကျွန်တော်ကတစ်ရေးနိုးလာတာ''

''.....''

''စိတ်ညစ်စရာရှိလို့လား''

''ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲ''

''ကိုကြီးမပြောချင်လည်းထားပါ ကျွန်တော်သွားပြီ''

သူပြောပြီးနေရာကလှည့်ထွက်လာမယ်အလုပ်မှာ အနားကခုံတစ်လုံးပေါ်မှာတင်ထားတဲ့ဓာတ်ပုံအယ်လ်ဘမ်ဆီအကြည့်ရောက်သွားပြီးလက်ကချက်ချင်းပဲအယ်လ်ဘမ်အားကောက်ယူဖွင့်ကြည့်လိုက်၏။

''ကျွန်တော်တို့ငယ်ငယ်ကပုံတွေပဲ''

သူ့အစ်ကိုကသူ့အားလှည့်ကြည့်လာပြီး

''ဟုတ်တယ် ကိုကြီးပျင်းလို့ပြန်ကြည့်ချင်လို့မေမေ့ဆီကတောင်းထားတာ''

ထည်ဝါဓာတ်ပုံတွေတစ်ပုံပြီးတစ်ပုံကိုကိုလှန်လှောကြည့်ရင်းမှ သူတို့ညီအစ်ကိုရယ် သူတို့ထက်ငယ်ပုံရသောမိန်းကလေးနှစ်ယောက်ရယ် ဘုရားမှာအတူတွဲရိုက်ထားကြတဲ့ပုံအားတွေ့လိုက်ရပြီး သူ့အစ်ကိုအား

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now