13

975 39 2
                                    

Unicode

အချစ်သည် လေညင်းကဲ့သို့.....

Part.13

''အာ့!''

ပန်းနီမျက်လုံးဖွင့်ဖွင့်ချင်းမှာပဲအသည်းခိုက်အောင်နာကျင်သွားခြင်းကိုအရင်ဦးဆုံးခံစားလိုက်ရလေ၏။

သူမဘေးကိုလှည့်ကြည့်လိုက်တော့ကိုကိုကြီးကအိပ်ရာထက်မှာမှောက်ခုံအိပ်နေပြီးသူ့ကျောမှာလည်းလက်သည်းရာတွေကအပြည့်။

ပန်းနီအိပ်ရာမှအားယူကာထ​လိုက်ပြီးကိုယ်ပေါ်ကစောင်ကိုဖယ်လိုက်တော့သွေးစတွေကသူမပေါင်ရင်းထိကိုပေကျံလို့နေတာပင်။

ချက်ချင်းဆိုသလိုပဲသူမမျက်ဝန်းမှမျက်ရည်တွေစီးကျလာရပြီးနှုတ်ခမ်းလေးကိုသာဖိကိုက်ထားမိ၏။

သူမရဲ့ပထမဆုံးအကြိမ်မှာပဲရခဲ့တဲ့နာကျင်မှုက ဒုတိယ တတိယဆိုတာမျိုးတွေကိုထပ်ဖြစ်လာမှာတောင်ကြောက်သွားသည်ထိပါ။

စားပွဲပေါ်ကသံပတ်နာရီလေးကိုလှမ်းကြည့်တော့မနက်လေးနာရီသာရှိသေးသည်မို့သူမလည်းအဝတ်အစားတွေအမြန်ကောက်ဝတ်ပြီးအခန်းထဲမှထွက်လာခဲ့လိုက်၏။

ခြေတစ်လှမ်းလှမ်းဖို့တောင်မရဲတဲ့ထိနာကျင်နေရသည်မို့သူမအိမ်ပေါ်ကနေအောက်ထပ်ကိုရောက်ဖို့အတော်လေးအချိန်ယူခဲ့ရသည်။

သူမအောက်ထပ်ကိုရောက်သည်ဆိုရင်ပဲဧည့်ခန်းထဲမှာညီစေ့ကိုမြင်လိုက်ရ၍သူမ​ခြေလှမ်းတွေရပ်တန့်သွားရ၏။

''ညီ ညီစေ''

ညီစေကသူမရှေ့တည့်တည့်လျှောက်လာပြီးသူမအားစိုက်ကြည့်လာ၍ပန်းနီမလုံမလဲနဲ့ပဲမျက်နှာလွှဲလိုက်မိလေသည်။

''နင်ကအလိုတူလို့လား အဲ့ကောင်ကနင့်ကိုအတင်းအဓမ္မလုပ်တာလား''

''နင်ဘာတွေပြောနေတာလဲ''

''ငါမေးတာသာဖြေစမ်းပါ''

သူမကမျက်ရည်တွေဝေ့တက်လာပြီး

''ငါ ငါကအလိုတူလို့...''

''ဘာ! နင် နင်ဟာ''

''အဟင့် အီးဟီး ဟီး ငါ ငါမှားသွားပြီလား ငါမှားသွားပြီလား''

အချစ်သည် လေညင်းကဲ့သို့(completed)Where stories live. Discover now