စာစဥ်မိတ်ဆက်

303 15 0
                                    

တုနှိုင်းမဲ့ပုဂ္ဂိုလ် - လုရီဖျင်

လုရီဖျင်သည် နတ်ဘုရားများတိုက်ပွဲအတွင်းတွင် မရေမတွက်နိုင်သော စွမ်းအားကြီးနတ်ဘုရားများစွာကျရှုံးခဲ့ခြင်းကို မျက်မြင်ကိုယ်တွေ တွေ့ကြုံခဲ့ရသည်။

ထိုအချိန်မှစ၍သူသည် ရှေးဟောင်းတောအုပ်အတွင်း၌ နေ့နေ့ညည တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ မဟာအတိဒုက္ခကို ကျော်ဖြတ်နိုင်ရန် လုံလောက်အောင် မသန်မာမချင်း ထွက်ခွါခြင်းမပြုဟူ၍ သံဓိဠာန်ပြုခဲ့သည်။

ဤသို့ဖြင့် ခေတ်များ တစ်ခေတ်ပြီးတစ်ခေတ် ကုန်ဆုံးလာခဲ့သည်။ သူနံဘေး၌ ရှိနေခဲ့သော မြွေကလေးတစ်ကောင်သည် နဂါးကလန်၏ ဘိုးဘေးဖြစ်လာခဲ့သည်။

သူကောက်ယူ၍ မွေးစားခဲ့သော ကလေးမလေးသည်လည်း ပြိုင်ဘက်ကင်းဧကရိီတစ်ပါးဖြစ်လာခဲ့သည်။ သူ တစ်ခါက ညွှန်ကြားပြသခဲ့ဖူးသော ဓားသမားသည် ထာဝရကျော်ကြားမှုက်ို ရကုန်သော ဓားနတ်ဘုရားတစ်ပါးဖြစ်လာခဲ့သည်။

သူတစ်ချိန်က စိုက်ခဲ့သော သစ်ပင်အိုကြီးတစ်ပင်သည်လည်း အစွမ်းအထက်ဆုံးနိုင်ငံတစ်ခု၏ အစောင့်အရှောက် သူတော်စင်တစ်ပါးဖြစ်လာခဲ့သည်။ အချိန်ကာလ၏ တိုက်စားမှုသည် ဘဝ၏ အဆိုးအကောင်းမျိုးစုံကို ပြောင်းလဲတွေ့ကြုံစေကာ ပါရမီရှင်ဆိုသူတို့ တစ်ခေတ်ပြီးတစ်ခေတ် ပေါ်ထွက်လာခဲ့ကြပြိီး မျိုးဆက်တစ််ခုပြိီးတစ်ခု အိုးမင်းအားလျော့လာကြ၍ အဆုံး၌ ပျက်စီးခြင်းသို့ ရောက်ရှိကြရသည်။

လုရီဖျင်သည် ထာဝရရှင်သန်ခြင်းအနုပညာကို တောင်တန်းတို့၏ အနက်ရှိုင်းဆုံး နေရာ၌ အစဉ်တစိုက် ကျင့်ကြံနေခဲ့သည်။ သူသည် တစ်ခါတစ်ရံ၌ ကုချင်းတီးခြင်း၊ ပန်းချီိဆွဲခြင်း၊ ဓားရေးလေ့ကျင့်ခြင်းတို့ကိုပြုလုပ်လေ့ရှိကာ လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက တိုက်ပွဲအတွင်းသေဆုံးသွားခဲ့ကြသည့် နတ်ဘုရားတို့၏ အစွမ်းထက် မှော်နည်းစနစ်များနှင့် ၎င်းတို့၏ ထိုးထွင်းသိရှိခဲ့သည့် ဥာဏ်အလင်းတို့ကိုလည်း ဆင်ခြင်သုံးသပ်နေတတ်သေးသည်။ ဤသို့ဖြင့် အဆုံးသတ်တွင်သူသည် ထာဝရရှင်သန်ခြင်းအနုပညာကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ကာ မဟာအတိဒုက္ခကို ရင်ဆိုင်ရန် လုံလောက်သောယုံကြည့်ချက်တို့ရှိလာခဲ့ပြီး မြင့်မြတ်တောအုပ်မှ ထွက်လာခဲ့လေတော့သည်။

လုရီဖျင်သည် ထာဝရရှင်သန်ခြင်းအနုပညာကို တောင်တန်းတို့၏ အနက်ရှိုင်းဆုံး နေရာ၌ အစဉ်တစိုက် ကျင့်ကြံနေခဲ့သည်။ သူသည် တစ်ခါတစ်ရံ၌ ကုချင်းတီးခြင်း၊ ပန်းချီိဆွဲခြင်း၊ ဓားရေးလေ့ကျင့်ခြင်းတို့ကိုပြုလုပ်လေ့ရှိကာ လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက တိုက်ပွဲအတွင်းသ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now