အခန်း ၂၄။ မဟာဧကရာဇ်
တစ်ဖက်အဖွဲ့သည် လျော်ကြေးအနေဖြင့် အထွတ်အထိပ်အဆင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်း အလိုရှိသည်ကို ကြားသော် စုန့်နင်သည် မျက်မှောင်ကြုံ့မိလိုက်သည်။
စိတ်ဝိဉာဉ်ကျောက်တုံးများကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်၊ အထွတ်အထိတ်အဆင့်ဟူ၍ လေးမျိုးခွဲခြားထားခဲ့သည်။ ၎င်းတို့၏အထက်တွင် နတ်ဘုရားအဆင့်ဟူ၍လည်း ရှိသေးသည်။
အထွတ်အထိပ်အဆင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်းသည် အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းနှင့် ညီမျှကာ အဆင့်နိမ့်စိတ်ဝိဉာဉ်ကျောက်တုံးဆိုလျှင် တစ်ရာဘီလျံနှင့် ညီမျှသည်။ ၎င်းပမာဏသည် မိုးကြိုးစာငှာက်ဓါးဂိုဏ်းအတွက်ဆိုလျှင်ပင် ကြီးမားသော ပမာဏတစ်ခု ဖြစ်နေသေးသည်။
အလောင်းဖုတ်ကောင်တို့ကို ပြန်လည်သန့်စင်ခြင်းသည် ထိုမျှလောက်မကုန်ကျပေ။ ဤသည်မှာ အမှန်တကယ်ပင် အနိုင်ကျင့်ဗိုလ်ကျခြင်းဖြစ်လေသည်။ ၎င်း၏စကားကို ကြားသော် လုရီဖျင်သည် ပြုံးကာ ပြောလိုက်သည်။
“အဲဒိလောက် ပမာဏလေးကတော့ ငါ့အတွက် အသာအယာပါပဲ ၊ဒါပေမယ့် မင်းကို အကြွေပြားတစ်စေ့တောင် ပေးမှာမဟုတ်ဘူး..”
ဝမ့်ပေါ်ရှန်၏အမူအယာသည် မဲမှောင်သွားခဲ့သည်။
“အကယ်၍ ငါ့ရဲ့ကိုယ်ရံတော်တွေကို သတ်ချင်တယ်ဆိုရင်တော့ မင်းတို့မှာ အစွမ်းရှိရင် လာသတ်နိုင်တယ်”
ထို့နောက် လုရီဖျင်သည် ဆက်လက်ပြောဆိုလိုက်သည်။
“ကျန်းကျင်း ထွက်လာခဲ့..”
ထိုအခါ ဝမ့်ပေါ်ရှန်သည် ရူးသွပ်စွာ ရယ်မောလိုက်ကာ မျက်လုံးတို့သည် သွေးဆာမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
“ဓူဝံကြယ်အင်ပါယာထဲမှာ မင်းကို မသက်ရဲဘူးလို့ထင်လို့ မင်းဒီလိုစကားတွေပြောနေတာမလား”
သာမာန်အချိန်မျိုးတွင်ပင် အင်ပါယာအတွင်း၌ သတ်ဖြတ်ခြင်းကို တားမြစ်ထားရာ ယခုကဲ့သို့ နှစ်ပတ်လည်ပွဲတော် နီးကပ်လာသည့် ရက်များ၌ဆိုလျှင် ပြောနေစရာပင်မလိုအပ်တော့ပေ။