အပိုင်း 9

95 12 2
                                    

အခန်း ၉။ အစစ်အမှန်နတ်ဘုရားလို့လား

လူတိုင်းသည် ထိတ်လန့်တကြားဖြင့်ရှိနေကြစဉ်မှာပင် ဟင်းလင်းပြင်အတွင်းမှ အဆုံးမဲ့ဓားချီများပေါ်ထွက်လာခဲ့သည်ကိုတွေ့လိုက်ကြရသည်။

၎င်းဓားချီတို့သည် နတ်ဆိုးအော်ရာများရောယှက်နေခဲ့ကာ အနက်ရောင်ရေလိုင်းလုံးကြီးများအသွင်ပြောင်းလဲသွားခဲ့ပြီး ဘိုးဘေးနယ်မြေကိုရိုက်ခတ်လာခဲ့၏။

ထိုစဉ် ကောင်းကင်ကိုပင်တုန်လှုပ်သွားစေနိုင်လောက်သော အသံနက်ကြီးတစ််ခုပေါ်လာခဲ့သည်။

မိုးကြိုးစာငှက်ဓားဂိုဏ်းတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြင့်ရှိနေခဲ့၏။

ဘိုးဘေးနယ်မြေနှင့်ကပ်ရပ်တွင်ရှိနေသော တချို့သောတောင်ထွတ်များမှာ နတ်ဆိုးချီလှိုင်းလုံးကြီး၏ ရိုက်ခတ််မှုအပြီးတွင် အပျက်အစီးများအဖြစ်ပြောင်းလဲသွားခဲ့ရသည်။

တောင််တန်းများပြိုကျပျက်စီးသွားခဲ့ကာ မြေပြင်သည်ပင်ကွဲအက်သွားခဲ့ရသည်။

ကြီးမားသောကျောက်စိုင်ကျောက်တုန်းကြီးများ လှိိမ့်ဆင်းကျလာခဲ့ကာ ဖုန်အလူးအလူးအပျက်အစီးများစွာဖြင့် ကမ္ဘာပျက်နေသကဲ့သို့ဖြစ်နေခဲ့သည်။

တချို့သောကျင့်ကြံသူတို့မှာ ရှောင်တိမ်းနိုင်ခြင်းမရှိတော့ဘဲ ကျောက်တုန်းကြီးများရိုက်ခတ်ခြင်းကိုခံရကာ လတ်ဆတ်သော အသားဆိုင်အသားစများအဖြစ်ပြောင်းလဲသွားခဲ့ကာ မြင်ကွင်းမှာ သွေးထွက်သံရိုအတိဖြင့်ရှိနေခဲ့သည်။

"လေဓားမိုးကြိုး"

မိုးကြိုးစာငှက်ဓားဂိုဏ်းခေါင်ဆောင် စုန့်နင်သည် အော်ဟစ်ဟာ သူ့ခန္ဓာကိုယ််အတွင်းရှိအစစ်အမှန်အနှစ််သာရကို အစွမ်းကုန်တွန်းအားပေး၍ထုတ်လိုက်ပြီး ဓားချီတစ်ခုပစ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင်သူသည် ဟင်းလင်းပြင်အတွင်းတွင်မိုးကြိုးစွမ်းအင်ကိုအစပျိုးလိုက်ကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးဓားချီတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။

"လေဓားမိုးကြိုး"

၎င်းသည် မိုးကြိုးစာငှက်ဓားဂိုဏ်း၏ အထွတ်အထိပ်လျှိုဝှက်ဓားနည်းစနစ်တစ်ခုဖြစ်၏။ မှော်ဆန်သော နည်းစနစ်တစ်ခုဖြစ်ကာ ကောင်းကင်မှ မိုးကြိုးတို့ကိုဆွဲယူအသုံးပြုပြီးမိမိ၏ ကိုယ်ပိုင်ဓားနည်းစနစ်ဖြင့်ပေါင်းစပ််ခြင်းဖြစ်သည်။ တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှစ်မျိုးစလုံးပြုလုပ်နိုင်သော ဓားနည်းစနစ်မျိုးလည်းဖြစ်၏။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now