အပိုင်း 2

117 15 0
                                    

အခန်း၂။ မိုးကြိုးစာငှက်ဓားဂိုဏ်းမှ ယန်တန်

လုရီဖျင်သည် အေးစက်နေသောသွေးတို့ကိုတစ်ချက်ကြည့်ကာပြောဆိုလိုက်သည်။

"မင်းက ထူးဆန်းတဲ့ ရေခဲအဆိပ်လက်ဝါးမိနေတာဘဲ။ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး မင်းရဲ့ အစစ်အမှန်ချီကို သုံးပြိီး ဖိနှိပ်နေခဲ့ပင်မဲ့ အခုတော့ ရေခဲအဆိပ်က နှလုံးထိကို ပျံ့နှံ့နေခဲ့ပြီ"

"အလွန်ဆုံးနောက်နှစ်လအတွင်း အဆိပ်က မင်းရဲ့ အသက်စွမ်းအင်းကိုပိတ်ဆို့ဝါးမြိုသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင်တော့ မင်းအတွက် စောင့်ဆိုင်းနေတဲ့ တစ်ခုတည်းသောအရာက သေခြင်းဘဲ"

လုဖမ်းသည် သူ့ရှေ့ရှိ ချောမောခန့်ညားသော လူငယ်လေးကိုမယုံကြည်နိုင်ဟန်ဖြင့်ကြည့်ကာ မေးလိုက်သည်။

"မင်း ဘယ်သူလဲ"

သို့သော်လည်း တစ်ဖက်သူထံမှ မည်ကဲ့သို့သော ချီစွမ်းအင်မျိုးကိုမျှ ခံစားရခြင်းမရှိကာ သူသည် သေမျိုးခန္ဓာကိုယ်နှင့်သေမျိုးဝိညဉ်အမြစ်သာ ရှိနေခဲ့သည်မှာသေချာလေသည်။

"ရှင်က အဓိပ္ပါယ်မရှိတာတွေပြောနေတာဘဲ"

လုရှောင်ယုသည် အော်ဟစ်ပြောဆိုလိုက်သည်။

သူမ၏ ဖခင်သည်မည်သည့်အတွက်ကြောင့် နောက်နှစ်လကြာလျှင် သေဆုံးရမည်နည်း။

ထိုအခါ လုရီဖျင်သည် ရုတ်တရက်ဆိုသလိုပင် လက်တစ်ဖက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် မီးတောက်ကဲ့သို့ နီရဲနေသော အပ်ကိုးချောင်းထွက်ပေါ်လာခဲ့ကာ လုဖမ်း၏ ရင်ဘတ်သို့ စိုက်ဝင်သွားခဲ့ကြသည်။

လုဖမ်းသည် ချက်ချင်းပင်နှလုံးခုန်နှုန်းတို့ မြန်ဆန်လာခဲ့ကာ ရေခဲအဆိပ်သည် ချက်ချင်းပင် ရင်ဝသို့ဆောင့်တက်လာခဲ့သည်။ ထို့နောက် ရေခဲတုံးကဲ့သို့ အေးစက်စက်သွေးခဲများကို အန်ထုတ်လိုက်ရ၏။

"အဖေ"

လုရှောင်ယုသည် လုရီဖျင် တစ်ယောက် ဖခင်ကို ရုတ်တရက်တိုက်ခိုက်လိုက်သည်ကိုမြင်သော် ချက်ချင်းပင် သူမလက်ထဲရှိဓားရှည်ဖြင့် သူ့အား ချိန်ရွယ်လိုက်သည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now