အခန်း ၁၄။ ကျေးဇူးပြု၍ အသက်ကိုချမ်းသာပေးပါ
ဤအလောင်းကောင်လေးခုသည် နတ်ဘုရားအော်ရာတို့နှင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း သူတို့ ခန္ဓာကိုယ်များတွင် ပြင်းထန်သော သေခြင်းတရားအော်ရာတို့အပြည့် ရှိနေခဲ့သည်။သူတို့ ခန္ဓာကိုယ်၌ အသက်စွမ်းအင်ဟူ၍ လုံးဝမရှိနေခဲ့ပေ။ဤလေးယောက်သည် သေဆုံးနေခဲ့သည်မှာ သေချာလေသည်။
သူတို့ မသေဆုံးမီ၌ ကျင့်ကြံခြင်းအဆင့်သည် အစစ်အမှန်နတ်ဘုရားအဆင့် ရောက်ရှိနေကြသည်။
နတ်ဘုရားလေးပါး၏ ခန္ဓာကိုယ်တို့သည် အလောင်းကောင်များအဖြစ် သန့်စင်ခြင်းခံရကာ ဤနေရာ၌ နေ့နေ့ညညကျင့်ကြံနေခဲ့ကြခြင်းဖြစ်သည်။ လုရီဖျင်သည် ယစ်ပလ္လင်နားသို့ သွားရောက်လိုက်သည်။
သူသည် မိမိကိုယ်ကို ဖုံးကွယ်ဝှက်ထားခြင်းမရှိရာ ဝင်ရောက်လိုက်သည်နှင့် အလောင်းကောင်လေးယောက်သည် သူ့ကို တစ်ပြိုက်နက်ထဲ ကြည့်လိုက်ကြသည်။
" ဂါး.."
အလောင်းကောင်လေးယောက်သည် တစ်ပြိုင်နက်ထဲ အော်ဟစ်လိုက်ကြကာ လုရီဖျင်ထံသို့ ပျံသန်းလာကြသည်။
နဂါးဦးချိုပါ နွားသိုးသည် စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်တွင် လုရီဖျင်က တား၍ ပြောလိုက်သည်။
"မလုပ်နဲ့ ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ်.."
သူသည် လေထဲသို့ လက်ညိုးတစ်ချက်ထိုးလိုက်သည်။မမြင်နိုင်သော စွမ်းအားတစ်ခုသည် လှိုင်းလုံးတစ်ခုကဲ့သို့ ထွက်လာခဲ့သည်။
အလောင်းကောင်လေးယောက်သည် ချက်ချင်းပင် အနောက်သို့ လွင့်စင်ထွက်သွားခဲ့သည်။လူရီဖျင်သည် အလောင်းကောင်လေးယောက်ကို သူ့ထံဆွဲယူဟန်ပြုလိုက်ရာ အလောင်းကောင်လေးယောက်စလုံး ဆန့်ကျင်နိုင်ခြင်းမရှိကာ မည်သို့ပင် ရုန်းကန်နေစေကာမူ မလွတ်မြောင်နိုင်ဘဲ ဖြစ်နေခဲ့သည်။
လုရီဖျင်သည် လက်ညိုးတစ်ချက်ညွှန်ပြရာ အလင်းတန်းလေးခုပေါ်ထွက်လာခဲ့ကာ အလောင်းကောင်တို့၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားခဲ့ကြသည်။