အပိုင်း 3

109 12 0
                                    

အခန်း ၃။ ဒီနွားသိုးစစ်ရထားကို လျော့မတွက်နဲ့

လုဖမ်းသည် လုရီဖျင်တစ်ယောက် ၎င်းတို့နှင့် အတူတူ မိုးကြိုးစာငှက်ဓားဂိုဏ်းသို့ လိုက်မည်ကိုကြားသော် အတော်လေးပျော်ရွှင်သွားခဲ့ကာ အလျင်အမြန်ပင် ရှောင်ယုနှင့်အတူတူ လိုအပ်သည့် အထုတ်အပိုးများ ပြင်ဆင်လိုက်သည်။

နောက်တစ်နေ့ရောက်သော် ၎င်းတို့ သုံးဦးသည် တောရွာငယ်လေးမှ စတင်ထွက်ခွါလိုက်ကြသည်။

"သခင်လေး ဒီတစ်ခါ မိုးကြိုးစာငှက်ဓားဂိုဏ်းကို သွားမဲ့ လမ်းခရီးက အတော်လေး ရှည်လျားတယ်။ နီးစပ်ရာ မြို့တစ်မြို့မှာလမ်းခရီးအတွက် ရထားလုံးတစ်စီးလောက်ဝယ်ကြရင် မကောင်းဘူးလား"

လုဖမ်းသည် လုရီဖျင်ကို အကြံပြုစကားဆိုလိုက်သည်။

၎င်းတို့သည် ယခုအခါတွင် ရှန်းဝူတိုက်ကြီး၏ တောင်ဘက်အစွန်ဆုံးတွင် ရှိနေကြကာ မိုးကြိုးစာငှက်ဓားဂိုဏ်းသည် မြောက်ဘက်အစွန်းဆုံးတွင် ရှိလေသည်။

"ရထားလုံးတစ်စီးဝယ်ဖို့လား"

လုရီဖျင်သည် ခေါင်းကိုခါရမ်း၍ ဆက်လက်၍ပြောဆိုလိုက်သည်။

"မလိုပါဘူး။ ငါ့မှာ တစ်စီးရှိနှင့်ပြီးသားပါ"

ထိုသို့ပြောဆိုကာ သူသည် စကြာဝဠာဒယ်စောက်အတွင်းမှာ နှစ်ဘီးတပ်စစ်ရထားတစ်စီးကို ထုတ်ယူလိုက်သည်။

လုဖမ်းနှင့် ရှောင်ယုတို့သည် ရှေ့ရှိ ရွှေရောင်စစ်ရထားကြီးကို အံ့ဩတကြီးဖြင့် ကြည့်နေခဲ့ကြသည်။

၎င်းစစ်ရထားသည် အဝါရောင်တဖိန့်ဖိန့်တောက်ပနေခဲ့ကာ တစ်ခုလုံးမှာ ရွှေသားအပြည့်ဖြင့် ပြုလုပ်ထားသည့်ပုံပေါ်လေသည်။ သို့သော်လည်း ၎င်းကို ဆွဲရန် အသုံးပြုထားသည့် သတ္တဝါမှာ အံ့အားသင့်စွာပင် နွားသိုးကြီးတစ်ကောင်ဖြစ်နေခဲ့သည်။ ဤနွားသိုးကြီးသည်လည်း တစ်ကိုယ်လုံးအဝါရောင်အမွှေးအမျှင်များဖြင့်ရှိနေခဲ့ကာ ဦးချိုသည်လည်း ရွှေရောင်တောက်ပနေခဲ့သည်။

"သခင်လေး ကျုပ်တို့တကယ်ဘဲ ဒီနွားကြီးဆွဲတဲ့ စစ်ရထားကို စီးရမှာလား"

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now