အပိုင်း 13

108 12 0
                                    

အခန်း ၁၃။ ဝိဉာဉ်လော့ခတ်ခြင်းကြေးချွတ်သန့်စင်ဘုံအစီအရင်အခင်းအကျင်း

ရှောင်မိသားစုဝင်တပည့်များ တစ်ယောက်ကိုတစ်ယောက်ကြည့်ရှုနေမိကြသည်။

စုန့်နင်တစ်ယောက်မည်သည့်ရည်ရွယ်ချက်ကြောင့်ယခုကဲ့သို့ပြုလုပ်သည်ကို နားမလည်နိုင်ဖြစ်နေခဲ့ကြသည်။

မိုးကြိုးစာငှက်ဓားဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ယန်မင်ကိုယ်တိုင်ဦးဆောင်လာသည့် အဖွဲ့ ရောက်ရှိလာခဲ့သည်ကိုမြင်သော် ရှောင်ချန်ဖုန်သည် အတော်လေးဒေါသထွက်သွားခဲ့သည်။

ယန်မင်သည် ရှောင်မိသားစုအဆင့်မြင့်ကျင့်ကြံသူတို့ကိုတစ်ချက်ကြည့်ကာ သူ့၏အကြည့်တို့သည်ရှောင်ချန်ဖုန်အပေါ်၌ကျရောက်သွားခဲ့သည်။

“အရှင့်အမိန်- ရှောင်မိသားစုဝင်များအားလုံး ဂိုဏ်းမှထုတ်ပယ်လိုက်သည်။ နောက်နာရီဝက်အတွင်း တောင်ဂိတ်တံခါးကနေ ထွက်သွားရမယ်”

ရှောင်ချန်ဖုန်သည် ယန်မင်ကို အေးစက်စက်တစ်ချက်ကြည့်ကာ ပြန်လည်မေးမြန်းလိုက်သည်။

“ဘာအကြောင်းကြောင့်လဲ”

စုန့်နင်တစ်ယောက်မည်သည့်အတွက်ကြောင့် မိမိတို့ ရှောင်မိသားစုကို ဂိုဏ်းမှထုတ်ပယ်သည့်အကြောင်းကိုနားမလည်နိုင်ဖြစ်နေခဲ့သည်။

သူသည် ယနေ့တွင်မှစမ်းသပ်စစ်ဆေးပွဲကို ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင်သူ့အားဂိုဏ်းမှ ထုတ်ပယ်ခဲ့သည်။ ဤသည်မှာ ဘာကိုဆိုလိုသနည်း။

ယန်မင်သည် ရှောင်ချန်ဖုန်၏ အမေးကို ဂရုစိုက်ခြင်းပင်အလျင်းမရှိဘဲ သူ့နောက်ရှိ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များကို ပြောဆိုလိုက်သည်။

“ဂိုဏ်းဘိုးဘေးတို့က သေချာမှာလိုက်တယ် ရှောင်မိသားစုဂိုဏ်းကထွက်ခွါတဲ့အခါ အပ်တိုတစ်ချောင်းတောင် ယူခွင့်မပေးကြနဲ့”

“သူတို့တွေ ထွက်မသွားခင်မှာ သေချာစစ်ဆေးကြ”

ရှောင်ချန်ဖုန်၏ အမူအရာမှာ မဲမှောင်သွားခဲ့သည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now