အပိုင်း 7

104 13 0
                                    

အခန်း ၇ ။ မင်းက ချန်ဟုန်လား

အကြီးအကဲသည် လုရီဖျင်ကိုလှမ်းဆွဲလိုက်သည်။ ထို့နောက် ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသောကျင့်ကြံခြင်းအော်ရာတစ်ခုပေါ်ထွက်လာခဲ့ကာ ဘေးပတ်ဝန်းကျင်ရှိ တခြားအကြိီးအကဲတို့ကို ထိတ်လန့်တကြားဖြစ်သွားစေခဲ့သည်။

“အသက်သိမ်းဆည်းခြင်းအဆင့်” 

ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြားဖြင့် ပြောဆိုလိုက်သည်။ စတင်လှုပ်ရှားလိုက်တော့အကြီးအကဲသည်  အသက်သိမ်းဆည်းခြင်းအဆင့်တွင် ရောက်ရှိနေခဲ့သော ရှောင်မိသားစုအကြီးအကဲတစ်ယောက်ဖြစ်လေသည်။

ရွှေအမြုတေအဆင့်၏ အထက်တွင်ခရမ်းရောင်နန်းတော်အဆင့်ရှိကာ ၎င်းအဆင့်ထက်တွင် အသက်သိမ်းဆည်းခြင်းအဆင့်ဟူ၍ ရှိ၏။

အသက်သိမ်းဆည်းခြင်းအဆင့်ရှိကျင့်ကြံသူတစ်ယောက်သည် ပြိုင်ဖက်အဖွဲ့တစ်ခုကို အသာအယာထိန်းထားနိုင်စွမ်းရှိသည်။

အသက်သိမ်းဆည်းခြင်းအဆင့်ဆိုသည်မှာ ကျင့်ကြံသူတစ်ယောက်၏ အသက်ကို ကောင်းကင်ထက်၌ သိမ်းဆည်းထားကာ ကျင့်ကြံသူ၏ ဘဝသက်တမ်းသည် တဖြည်းဖြည်းတိုးလာခဲ့မည်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် အသက်သိမ်းဆည်းခြင်းအဆင့်ကိုသာကျော်ဖြတ်နိုင်ခဲ့မည်ဆိုလျှင် အနှစ်တစ်ထောင်ဘဝသက်တမ်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဤအဆင့်သို့ရောက်ရှိနေသည့် ကျင့်ကြံသူအများစုသည် အသက် ၅၀ ၆၀ အရွယ်ဟုသာ ထင်မှတ်ရသော်လည်း အမှန်စင်စစ်မှာ ၎င်းတို့သည် နှစ်ပေါင်းရာထောင်ချီနေထိုင်ခဲ့ပြီးဖြစ်သော မွန်းစတားအိုကြီးများသာဖြစ်လေသည်။

ဤအဖြစ်ကိုမြင်သော် လုဖမ်းသည် ရှေ့သို့ထွက်ကာ ပြဿနာကို ကြားဝင်ဖြေရှင်းရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်းရုတ်တရက်ဆိုသလိုပင် ကြက်သွေးနီမီးလျှံဓားမှအနီရောင်အလင်းတန်းတစ်ပေါ်ထွက်လာခဲ့ကာ ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်သံကိုကြားလိုက်ကြရသည်။

ကြီးမားသောခန္ဓာကိုယ်ဖြင့် မီးခြင်္သေ့တစ်ကောင်သည် ကြက်သွေးနီမီးလျှံဓားအတွင်းမှ ခုန်ထွက်လာခဲ့ကာ ကြီးမားသော မီးတောက်လက်သည်းကြီးများဖြင့် ရှောင်မိသားစုအကြီးအကဲ၏ ရင်ဘတ်ကို ဆွဲကုတ်လိုက်သည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now