အပိုင်း 6

88 13 0
                                    

အခန်း ၆။ ကမ္ဘာကိုပင် တုန်လှုပ်သွားစေခြင်း

လူအများ၏ အာရုံစိုက်ခြင်းကို ခံနေခဲ့ရပြီး ရှောင်ချန်ဖုန်သည် ကြက်သွေးနီမီးလျှံဓားကို ထပ်မံ၍ ဆွဲထုတ်နိုင််ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း အဆုံးသတ်၌ လက်လျော့ရန်သာ တတ်နိုင်လေသည်။

ရှောင်ချန်ဖုန်သည် သူ့ကိုယ်သူပြန်လည်၍ရယ်မောမိလိုက်သည်။

"ကြည့်ရတာ ငါ့ရဲ့ စိတ်ဓါတ်ခံယူချက်အဆင့်နဲ့ ဓားက ဆွဲထုတ်ဖို့မဖြစ်နိုင်သေးဘူးထင်ပါရဲ့"

ကြက်သွေးနီမီးလျှံဓားသည် စိတ်ဓါတ်ခံယူချက်ပြင်းပြရာ၌ ပြိုင်ဘက်ကင်းသော သူသာလျှင် ဆွဲထုတ်နိုင်ပေမည်။ ထိုကဲ့သို့သောသူမျိုးသာ ဓားနတ်ဘုရားယန်တန်၏ အမွေဆက်ခံသူဖြစ်ထိုက်လေသည်။

ကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ပြောဆိုလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်က သခင်လေးက ဒီဓားကို တစ်လက်မ ဆွဲထုတ်နိုင်ခဲ့တယ်။ ဒီနှစ်မှာနှစ်လက်မ တိတိ ဆွဲထုတ်နိုင်ခဲ့တယ်။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် အောင်မြင်နိုင်ဖို့ဆိုတာ နှစ်အနည်းငယ်လောက်ဘဲ လိုလိမ့်မယ်"

ရှောင်ချန်ဖုန်ကဲ့သို့ နတ်ဘုရားခန္ဓာကိုယ်ပိုင်ဆိုင်ထားသော ကျင့်ကြံသူသာ ဓားအားဆွဲထုတ်နိုင်ခြင်းမရှိလို့ နောက်ထက် မည်သူမျှ ဆွဲနိုင်မည်မဟုတ်ပေ။

၎င်းတို့၏ တီးတိုးပြောဆို မြောက်ပင့်သံတို့ကိုကြားသော် ရှောင်ချန်ဖုန်သည် နိမ့်ချသော ဟန်အမူအရာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြု၍ ပြောဆိုလိုက်သည်။

"ကျုပ် အရင်သွားနှင့်တော့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"

ထို့နောက် နောက်လိုက် အရှင်သခင်တို့ဖြင့် ထွက်ခွါဟန်ပြင်လိုက်သည်။

ရှောင်ချန်ဖုန်ထွက်ခွါသွားပြီးနောက် လုရိီဖျင်သည် ကြက်သွေးနီမီးလျှံဓားအနီးသို့ သွားလိုက်သည်။

ဓားနံရံအားဆက်လက်လေ့လာနေခဲ့ကြသော အရှင်သခင်ဂိုဏ်းခေါင်းဆောင် အချိို့သည် ရှောင်ချန်ဖုန်ထွက်ခွါသွားပြီးနောက် ကြက်သွေးနီမီးလျှံဓားအနီးသို့ မိုးပြာရောင်ဝတ်ရုံဝတ်လူငယ်လေးတစ်ယောက် တိုးကပ်သွားကြောင်းကို အံ့အားတကြီးတွေ့ကြရသည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now