အပိုင်း 15

109 11 0
                                    

အခန်း ၁၅။ သူတို့တွေက ကျင့်သားရနေကြပြီ

"ဘယ်သူ့သွေးကိုမှ မသောက်ခဲ့သလို ဘယ်သူ့ကိုမှလည်းမသတ်ခဲ့ဖူးလို့လား"

လုရီဖျင်သည် ရုတ်တရက်ဆိုသလိုပင် လက်တစ်ချက်တောက်လိုက်ရာ မြင့်မြတ်အလင်းတန်းတစ်ခုသည် ဝူမိုခန္ဓာကိုယ်ပေါ်သို့ကျဆင်းသွားခဲ့သည်။

မြင့်မြတ်အလင်းတန်းသည် ဝူမို၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်သွားခဲ့သည်တပြိုင်နက် သေခြင်းချီအပြည့်နှင့် နာကြည်းဝိညဉ်များသည် ဝူမို၏ ခန္ဓာကိုယ်မှ စီးထွက်လာခဲ့သည်။ နာကြည်းဝိညဉ်တို့သည် ဒလဟောထွက်ပေါ်လာခဲ့ကာ အထက်ကောင်းကင်တစ်ခုလုံးပြည့်နှက်သွားခဲ့သည်။

၎င်းတို့သည် ခန့်မှန်းချေ ၁၀မီလီယံခန့်ပင်ရှိလေ၏။

ခန့်မှန်းမိကြသလိုပင် ဝူမိုသည် နတ်ဆိုးတစ္ဆေနည်းစနစ်ကိုကျင့်ကြံရန်အတွက် အပြုမဲ့လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့ကာ ၎င်းတို့၏ ဝိညဉ်တို့ကိုဝါးမြိုစားသောက်ထားခဲ့ခြင်းဖြစ်သည်။

"နာကြည်းဝိညဉ်တွေဒီလောက်များနေခဲ့တာတောင်မင်းကိုယ်မင်းသောက်ရမ်းဖြူစင်ပါတယ်ပြောချင်နေတုန်းလား"

လုရီဖျင်၏ အမူရာသည် အေးအေးစက်စက်ဖြင့်ရှိနေခဲ့သည်။

ဝူမူ၏ အမူအရာသည် ပြောင််းလဲသွားခဲ့ရသည်။ လုရီဖျင်သည် လက်တစ်ချက်အသာအယာတောက်ရုံမျှဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ နာကြည်းဝိညဉ်အားလုံးကိုထုတ်နိုင်လိမ့်မည်ဟု သူသည်ထင်မှတ်မထားခဲ့ပေ။

ရုတ်တရက်ဆိုသလိုပင်သူသည် အဆုံးမဲ့သေခြင်းချီများအဖြစ်ပြောင်းလဲသွားခဲ့ကာ ဟင်းလင်းပြင်အတွင်းပျောက်ကွယ်သွားရန်ကြိုးစားလိုက်သည်။

"ဟမ့် ထွက်ပြေးချင်တာလား"

နွားသိုးသည် ရှူးရှူးရှားရှားဖြင့်ရယ်မောလိုက်ကာ ခေါင်းကိုမော့၍ တစ်ချက်ဟိန်းဟောက်လိုက်သည်။

၎င်းအော်ဟစ်သံသည် ကောင်းကင်ဘုံကိုပင် စုတ်ပြဲသွားမတတ်ပင်ဖြစ်၏။ အသံလှိုင်းလုံးကြောင့် နေရာတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကာ ကမ္ဘာကြီးကွဲအက်သွားသလို အသံများပင်ပေါ်ထွက်လာခဲ့သည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now