အပိုင်း 1

213 13 0
                                    

အခန်း ၁။ မြင့်မြတ်တောအုပ်၏ ဒဏ္ဍာရီ

မြင့်မြတ်တောအုပ်..၎င်းသည် ထာဝရကုန်းမြေပြင်၏ တားမြစ်နေရာတစ်ခုဖြစ်သည်။ ၎င်းနှင့်ပတ်သက်၍ ကောလဟာလများ များစွာရှိလေသည်။

လူတချို့က တောအုပ်အတွင်း၌ ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးနေထိုင်သည်ဟု ဆိုကြကာ တချို့က ကြောက်မက်ဖွယ်ကောင်းသောအင်မော်််တယ်နတ်ဆိုးတစ်ပါးနေထိုင်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုကြစေကာမူ ၎င်းတောအုပ်အတွင်း၌ ပြိုင်ဘက်ကင်းဖြစ်တည်မှုတစ်ခုနေထိုင်နေသည်မှာတော့ အသေချာပင်ဖြစ်သည်။

လွန်လေပြီးသောနစ်များစွာအတွင်း နှစ်ပေါင်းထောင်ချိီသက်တမ်းရှိသော လူမှုအဖွဲ့အစည်းများ ဂိုဏ်းများသည် တဖြည်းဖြည်းဖွံ့ဖြိုး တိုးတက်လာခဲ့ကြကာ ပြန်လည်၍ ပြိုကွဲပျက်စီးကြရသည်။ တချို့သော ကုန်းမြေတိုက်ကြီးများပင် ပင်လယ်သမုဒ္ဓရာအတွင်းသို့ နှစ်မြုပ်ပျောက်ကွယ်သွားခဲ့ကြသည်။

ဤထာဝရကုန်းမြေပြင်၌ အစဉ်အမြဲမပြောင်းလဲဘဲ တည်ရှိနေသောတစ်ခုတည်းသောအရာမှာ မြင့်မြတ်တောအုပ်သာဖြစ်လေသည်။

၎င်းတောအုပ်သည် မည်သည့်အချိန်ကရင်းတည်ရှိနေခဲ့ကြောင်းကို မည်သူမျှ သေချာမသိကြပေ။ ထာဝရကုန်းမြေ၏ အသက်အကြီးဆုံးဘ်ိုးဘေးပင်လျှင် မြင့်မြတ်တောအုပ်၏ တည်ရှိလာခဲ့သည့် သက်တမ်းကို သိရှိခြင်းမရှိပေ။

ယနေ့တွင်ဖြစ်သည်.....

မြင့်မြတ်တောအုပ်၏ အထက်ကောင်းကင်တွင် မိုးကြိုးတိမ်တိုင်များ စုစည်းလာခဲ့ကာ နေရာအနှံ့ရုတ်တရက်ဆိုသလိုပင် ပျံ့နှံ့သွားခဲ့သည်။ ကြောက်မက်ဖွယ်အဖျက်စွမ်းအင်တို့က နေရာအနှံ့ဆက်လက်ပျံ့နှံ့နေခဲ့သည်။ များမကြာမှိီပင် မြင့်မြတ်တောအုပ်တခွင် အားကောင်းသော အဖျက်စွမ်းအင်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

တခဏအတွင်းပင် မြင့်မြတ်တောအုပ်တည်ရှိသော ရှန်းဝူတိုက်ကြီးသည် မိုးကြိုးအဖျက်စွမ်းအားတို့ကြောင့် ပျက်စီးလာခဲ့သည်။

ရှန်းဝူတိုက်အတွင်းရှိ မဟာဘိုးဘေးများ မင်းဆက်တို့၏အုပ်ချုပ်သူ လူအိုကြီးများ အားလုံး မိုးကြိုးအဖျက်စွမ်းအားကြောင့် နိုးထလာခဲ့ကြသည်။ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက်နိုးထလာခဲ့ကြပြီး မိုးကြိုးအဖျက်စွမ်းအင်တို့ကို ထိတ်လန့်ကြောက်ရွံ့မှုမကင်းသောမျက်လုံးများဖြင့် ကြည့်မိလိုက်ကြသည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now