အပိုင်း 4

100 14 0
                                    

အခန်း ၄။ သေမျိုးလူငယ်လေး

"သခင်လေးကျန့်ယွဲ့ နဲ့ မင်းသမိီးလေးထိုက်ယန်"

လုဖမ်းနှင့် လုရှောင်ယန်တို့သည် ထိန့်လန့်တကြားဖြင့်ရှိနေကြသည်။

ဝူကျိမင်းဆက်တွင် ကျန့်မိသားစု၏ သခင်လေးကျန့်ယွဲ့ နှင့် မင်းသမိီးလေး ထိုက်ယန်၏ ကျော်ကြားမှုမှာ နတ်ဘုရားငယ် ရှောင်ချန်ဖုန်ထက် အနည်းငယ်မျှ မနိမ့်ကျပေ။

၎င်းတို့နှစ်ဦးသည်စိတ်လှုပ်ရှားနေစဉ်မှာပင် ယဉ်တန်းသည် အနီးသို့ရောက်ရှိလာခဲ့သည်။

ဝူကျိမင်းဆက်၏ အစောင့်အရှောက်များ နှင့် ကျန့်မိသားစု၏ အစောင့်အရှောက်များ နီးကပ်လာသည်ကို မြင်သော် လုဖမ်းတို့နှစ်ဦးသည် အသီးသီးခေါင်းငုံ့ထားလိုက်ကြကာ အသက်ရှုရန်ကိုပင် မေ့လျော့နေခဲ့ကြသည်။ ဤနေရာ၌၎င်းတို့ သာမက ရှုရာဂိုဏ်းအကြီးအကဲများရှိနေခဲ့မည်ဆိုလျှင်လည်း ယခုကဲ့သို့သာဖြစ်နေမည်ဖြစ်သည်။ ဤသည်ကား သူတို့ အလွယ်တကူရန်စ စော်ကားနိုင်သည့် အရာမျိုးမဟုတ်ပေ။ 

မင်းသမီးလေး ထိုက်ယန်နှင့် ကျန့်ယွဲ့တို့နှစ်ဦးသည် သားရဲများကိုယ်စီ စီးနှင့်လာခဲ့ကြကာ စကားစမြည်းပြောဆို၍ ရယ်မောနေခဲ့ကြသည်။ ရွှေရောင်နွားသိုးစစ်ရထားကို ဖြတ်ကျော်ရသောအခါ မင်းသမီးလေးသည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

*ဒီလိုနေရမှာ စစ်ရထားတစင်းကို တည်ဆောက်ဖို့ ရွှေသားကို အသုံးပြုတဲ့သူရှိသေးတာလား။ ပြီးတော့ ရထားကို နွားသိုးတစ်ကောင်က ဆွဲထားသေးတယ်။ ဒိီနွားသိုးကလည်း ရွှေရောင်နဲ့*

နွားသိုးကြီး၏ ရွှေဦးချိုနှစ်ချောင်းကို ကြည့်ကာ သူမသည်မအံ့ဩဘဲမနေနိုင်တော့ပေ။

မင်းသမီးလေး၏ မျက်နှာအမူအရာပြောင်းလဲသွားခဲ့သည်ကို ကျန့်ယွဲ့သည် သတိထားမိကာ ပြုံး၍ပြောဆိုလိုက်သည်။

"မင်းသမီးလေး ရွှေနွားသိုးကိုကြိုက်နှစ်သက်လို့လား။ ဒါဆို ဝယ်ဖို့် တစ်ယောက်ယောက်ကို ချက်ချင်းခိုင်းစေလိုက်မယ်"

မင်းသမီးလေးသည် ခေါင်းကိုသာ ခါယမ်းကာ ပြုံး၍ပြန်ဖြေလိုက်သည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now