အပိုင်း 8

101 15 0
                                    

အခန်း ၈။ ဘယ်သူမှ အသက်ရှင်လျှက်ထွက်မသွားရဘူး

မိုးကြိုးစာငှက်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ စုန့်နန်သည်ပင် အတော်လေးထိတ်လန့်သွားခဲ့သည်။ သူ၏ အဆင့်အတန်းနှင့်ပင် ချန်ဟုန်ကို လေးလေးစားစားဆက်ဆံရမည်ဖြစ်သည်။

*ဒီသောက်ခွေးကောင်ကတော့ မျိုးရိုးနာမည်မေ့သွားအောင်ထိအရိုက်ခံရတော့မှာဘဲ။ သိုင်းဦးလေးကို နာမည်ခေါ်ပြီးတောင်ပြောလိုက်သေးတယ်*

ချန်ဟုန်သည်ပင် ရုတ်တရက်ကြောင်နေမိသည်။ သူ့အားနာမည်တိုက်ရိုက်ခေါ်၍ပြောလိမ့်မည်ဟုထင်မှတ်မထားခဲ့ပေ။

မိုးကြိုးစာငှက်ဓားဂိုဏ်းမှ အကြီးအကဲတို့သည် လုရီဖျင်ကို အော်ဟစ်ကြိမ်းမောင်းရန် ပြင်လိုက်စဉ်တွင် ချန်ဟုန်သည် လက်ကာ၍တားဆီးလိုက်သည်။ ထို့နောက်သူသည် လုရီဖျင်ကိုတစ်ချက်ကြည့်၍ရယ်မောကာပြောလိုက်သည်။ 

“မင်းငါ့ကို မကြောက်ဖူးလား”

လုရီဖျင်သည် ချန်ဟုန်တစ်ချက်မျှကြည့်ကာ မထူးမခြားနားဟန်ဖြင့်ပြန်လည်ပြောဆိုလိုက်သည်။

“မင်းရဲ့အနေအထားလောက်နဲ့ငါက ဘာကိုကြောက်နေရမှာလဲ”

သူ တံခါးပိတ်ကျင့်ကြံခြင်းမလုပ်ခင် နစ်သန်းပေါင်းများစွာကရင်း ဟုန်ချန်ကဲ့သို့သူတစ်ယောက်သည် သူလက်တစ်ချက်တောက်ထုတ်ရုံမျှဖြင့်သတ်၍ရလေသည်။

ယခုအတွက်ဆိုလျှင်တော့ ပြောနေရန်ပင်လိုမည်မဟုတ်တော့ပေ။

သူ၏ စကားတို့က ချန်ဟုန်ကို အနည်းငယ်ထိတ်လန့်သွားစေခဲ့သည်။

ထို့နောက်သူသည် အားပါးတရရယ်မောကာ လုရီဖျင်ကို ထပ်မံပြောဆိုလိုက်သည်။

“ဒါပေါ့မင်းမှန်ပါတယ်။ ငါက ကြောက်စရာမကောင်းပါဘူး။ ဒါနဲ့ကောင်လေးမင်းနာမည် ဘယ်လိုခေါ်သလဲ”

“မင်းနောက်တော့သိလာရမှာပေါ့”

လုရီဖျင်သည်ခေါင်းခါ၍ ငြင်းဆန်လိုက်သည်။

ချန်ဟုန်သည် သူ့ကို ထပ်မံ၍ စေ့စေ့ကြည့်လိုက်ကာ အားပါးတရရယ်မောလိုက်ပြန်သည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now