အခန်း ၁၂။ မပြည့်စုံသေးသောဆေးလုံးများ
“မင်းတို့ တစ်ယောက်ကို နှစ်လုံးစီယူလိုက်ကြ”
လုရီဖျင်သည်ဤသို့ပြောလိုက်ကာ ရွှေရောင်ဆေးလုံးတို့သည် ယန်ချန်တို့ရှေ့သို့ပျံသန်းသွားခဲ့ကြသည်။
သူ့တို့သည် ရှေ့ရှိရွှေရောင်ဆေးလုံးတို့ကို မယုံကြည်နိုင်ဟန်ဖြင့်ကြည့်နေခဲ့ကြသည်။
ထို့နောက်သူတို့သည် စိတ်လှုပ်ရှားစွာဖြင့်နောက်တစ်ကြိမ်အရိုအသေပေးလိုက်ကြသည်။
“ဆေးလုံးတွေအတွက် ကျေးဇူးတင်ပါတယ် အရှင်သခင်”
“ထကြပါ”
လုရီဖျင်သည် မထူးခြားနားသည်လေသံဖြင့် ပြန်ပြောလိုက်သည်။
“ဒါတွေက မပြည့်စုံသေးတဲ့ ဆေးလုံးလေးတွေပါဘဲ”
ယန်ချန်နှင့်ကျန်လူတို့ ဤစကားကိုကြားသော် တံတွေးပင်သီးလုမတက်ဖြစ်သွားခဲ့သည်။
“နတ်ဘုရားအတိဒုက္ခကိုကျော်ဖြတ်နိုင်ခဲ့သည့် သူတစ်ယောက်ကို သန့်စင်ခြင်းမှ ရရှိလာခဲ့သည် ရွှေရောင်နတ်ဘုရားဆေးလုံးတို့သည် ပြီးပြည့်စုံမှုမရှိသော ချို့ယွင်းနေသည့် ဆေးလုံးများဖြစ်နေသည်ဟုပြောဆိုလိုက်ခြင်းဖြစ်လေသည်။
ဤသို့ဆိုလျှင် ပြီးပြည့်စုံသော ဆေးလုံးဟူသည် အစစ်အမှန်နတ်ဘုရားတစ်ပါးကိုသန့်စင်ရာမှ ရရှိလာမည့် မှော်ဆေးလုံးကို ဆိုလိုခြင်းသာဖြစ်ပေလိမ့်မည်။
ဘိုးဘေးနယ်မြေသည် ကြီးမားသော အစီအရင်ကြီးတစ်ခုဖြင့် ချိတ်ပိတ်ထားခြင်းဖြစ်လေရာ မင်းသမီးလေးထိုက်ယန်နှင့် ကျန်သူတို့သည် အတွင်း၌မည်သည်တို့ဖြစ်ပျက်နေကြောင်းကို သိရှိနိုင်ခြင်းမရှိပေ။
နတ်ဆိုးရှီလိုင်တစ်ယောက် ဘိုးဘေးနယ်မြေအတွင်းသို့ဝင်ရောက်သွားကြောင်းမြင်လိုက်ကြရရာ လူတိုင်းသည် အတော်လေးစိုးရိမ်ပူပန်နေကြလေသည်။
“စီနီယာယန်ချန်တို့ အထဲမှာ အဆင်မှ ပြေကြရဲ့လား မသိဘူး”
မင်းသမီးထိုက်ယန်သည် အိုးပူပူထဲကျနေသည် ပုရွက်ဆိတ်တစ်ကောက်ကဲ့သို့ နေမရထိုင်မရစိုးရိမ်ပူပန်နေခဲ့သည်။