အခန်း ၁၇။ အမဲသားခြောက်
“ တစ်ချက်လောက် သွားကြည့်ကြည့်ကြတာပေါ့”
မိုးကြိုးယူနီကွန်၏ အော်ဟစ်သံကို ကြားသောအခါ လုရီဖျင်သည် ပြောဆိုလိုက်သည်။ သူတို့လူအုပ်စုသည် အော်သံကြားရာသို့ သွားလိုက်ရာ များမကြာမီပင် ရောက်ရှိသွားခဲ့သည်။အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူလေးယောက်သည် မိုးကြိုးယူနီကွန်နှစ်ကောင်ကို ဝန်းရံထားခဲ့ပြီး ကျန်နှစ်ယောက်သည် ယူနီကွန်များ ထွက်ပြေးနိုင်ချေရှိသည့် လမ်းများကို ပိတ်၍ စောင့်နေကြသည်။အနက်ရောင်ဝတ်စုံဝတ် လူတို့ကို မြင်သော် လုရီဖျင်၏မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ဤလူတို့သည် အနက်ရောင်နတ်ဆိုးခန်းမမှ ဖြစ်ကြသည်မှာ သေချာလေသည်။
အနက်ရောင်ဝတ်စုံဝတ်လူတို့သည် စစ်ရထားရောက်ရှိလာသည်ကို မြင်သော် အံ့အားသင့်သွားခဲ့ကြသည်။ ဘေးဖက်အားစောင့်ကြပ်နေသော အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် စစ်ရထားရှိရာသို့ လျှောက်လာခဲ့သည်။
လုရီဖျင်ထံ၌ အစစ်အမှန်အနှစ်သာရ တစ်စက်ကလေးမျှ ရှိမနေကာ သာမာန်သေမျိုးတစ်ယောက်ဖြစ်နေကြောင်းမြင်သော် အနက်ရောင်ဝတ်စုံဝတ်လူသည် ဟယ်ရှောက်ကဲ့သို့ပင် အံ့အားသင့်သွားခဲ့သည်။ အနက်ရောင်ဝတ်စုံဝတ်လူသည် ခပ်တိုးတိုး ပြောဆိုလိုက်သည်။
“ဒီယူနီကွန်နှစ်ကောင်က ငါတို့ အနက်ရောင်နတ်ဆိုးခန်းမ အပိုင်ပဲ..”
“ ကျေးဇူးပြု၍ မနှောက်ယှက်ပါနဲ့..”
၎င်း၏ လေသံအား ကြားရသည်မှာ အလွန်ပင် ယဉ်ကျေးနေခဲ့ကာ အနတ်ရောင် နတ်ဆိုးခန်းမ၏ သာမာန်ပြောဆိုပုံနှင့် ကွဲထွက်နေသည်။ ဤနေရာ၌ တခြားလူတို့သာဆိုလျှင် သူသည် အသေသတ်ပြစ်လိုက်တော့မည်။သို့သော်လည်း သူသည် ကျန်းကျင်၏ အစစ်အမှန်ခွန်အားကို မြင်နိုင်စွမ်းမရှိရာ ဂရုမစိုက်ပဲ အလျင်စလို မပြုမူဝံ့ပေ။
“ ထွက်သွားရမယ် ဟုတ်လား..”
နွားသိုးသည် မျက်လုံးကို စွေကြည့်၍ ဆက်လက်ပြောလိုက်သည်။
“ ငါတို့ ထွက်မသွားဘူးဆိုရင်ရော ဘာဖြစ်ချင်လဲ..”
အနက်ရောင်နတ်ဆိုးခန်းမမှ လူသည် အံ့အားသင့်နေခဲ့သည်။ ထိုအခိုက်အတန့်၌ ဘေးတစ်ဖက်ကို စောင့်ကြပ်နေသော နောက်ထက် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက် ရောက်ရှိလာခဲ့ပြီး အေးစက်စက်စကားတို့ပြောလိုက်သည်။