အခန်း ၁၉။ ပျက်သုန်းခြင်းကိုးပါး နတ်ဘုရားများသင်္ချိုင်းအစီအရင်
လုရီဖျင်သည် စုရှို့နေထိုင်သည့် ဒိုင်မန်းရှင်းအတွင်း ထွက်ခွါလာခဲ့စဉ်ကတည်းက မျက်မှောင်ကြုတ်နေမိသည်။
သူသည် စုရှို့အား စိတ်ဝိညာဉ်ရှာဖွေကာ ယန်တန်အကြောင်းကို စုံစမ်းခဲ့သည်။
သို့သော်လည်း ဝူမိုကဲ့သို့ပင် စုရှို့ထံမှ ယန်တန်အကြောင်းမည်သည့် သတင်းတစွန်းတစမျှ မရရှိခဲ့ပေ။ထို့ကြောင့် ဆက်လက်ရှာဖွေရန်လိုအပ်နေခဲ့ကာ လုရီဖျင်သည် သီးခြားဒိုင်မန်းရှင်းများကိုသွားရောက် ရှာဖွေခဲ့ကာ တစ်လက်စတည်း နောက်ထပ် မိုးကြိုးသားရဲသုံးကောင်ပါ ရှာဖွေခဲ့သည်။
လုရီဖျင်တို့ လူတစ်စုဒိုင်မန်းရှားများ ဝင်ထွက်သွားလာကာ မိုးကြိုးသားရဲများ ဖမ်းစီးနေကြစဉ် ဟယ်ရှောက်နှင့် ယုရှင်းတို့ နှစ်ဦးသည်တော့ စည်းပိတ်ထားသောဒိုင်မန်းရှင်းတစ်ခုထဲမှ အသဲအသန်ပြေးလွှားထွက်ပြေးလာခဲ့ကြရသည်။
ဖီးနှစ်ငှက်ကြီးတစ်ကောင်သည် ကောင်းကင်ယံတစ်ခုလုံးကို ပါးစပ်မှ ရွှေရောင်မီးတောက်များ ထုတ်လွှတ်ကာ လောင်ကျွမ်းစေလိုက်သည်။
ဟယ်ရှောက်သည် ကောင်းကင်တစ်ခုလုံးပြည့်နှက်နေခဲ့သော ရွှေရောင်မီးတောက်တို့ကိုကြည့်ကာ သူ၏ မျက်နှာအမူအရာသည် ထိတ်လန့်တကြားဖြင့်ပြောင်းလဲသွားခဲ့ကာ နတ်ဘုရားစွမ်းအင်တို့ကို အစွမ်းကုန်ထုတ်လွှတ်လိုက်သည်။
“ဥက္ကာခဲမီးလျှံ”
နတ်ဘုရားစွမ်းအင်တို့ လောင်ကျွမ်းလာခဲ့သည်။
သူ့၏ ခန္ဓာကိုယ်သည် မီးဟုန်းဟုန်းတောက်လောင်နေသော ဥက္ကာခဲတစ်ခုအသွင်ပြောင်းလဲသွားခဲ့ကာ တပည့်မလေးယုရှင်းကို ခေါ်ဆောင်၍ လေထုကိုချိုးဖျက်၍ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
သူတို့နှစ်ဦးအတော်ဝေးဝေးသို့ရောက်သော် အနောက်မှ ကျယ်လောင်သောပေါက်ကွဲသံကြီးကိုကြားလိုက်ကြရသည်။
နောက်သို့ထိတ်လန့်တကြားဖြင့် လှည့်ကြည့်မိလိုက်ကြရာ မိုင်တစ်ထောင်ပတ်လည်လုံးရွှေရောင်မီးလျှံများကြားဝါးမြိုခံလိုက်ရသည်ကို တွေ့လိုက်ကြရလေသည်။