အပိုင်း10

130 15 0
                                    

အခန်း ၁၀။ ဘယ်လိုတောင် ကြောက်စရာကောင်းလွန်းတဲ့ တည်ရှိမှုမျိုးလဲ

“ဓါးနတ်ဆိုးရှီလိုင်က မိုးကြိုးစာငှက်ဓါးဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပစ်မယ်လို့ ပြောဝံ့တာ အံ့ဩစရာမရှိတော့ဘူးပဲ။သူက နတ်ဘုရားအဆင့်ရောက်သွားခဲ့ပြီကိုး”
နတ်ဘုရားတို့ဆိုသည်မှာ သက်ရှိအားလုံး၏ အပေါ်၌ ရှိသည်။ယန်ချန်တစ်ယောက် မည်မျှပင်သန်မာစေကာမူ နတ်ဘုရားတစ်ပါး၏ရှေ့တွင် သူသည် သာမာန်သေမျိုးတစ်ယောက်သာဖြစ်ကာ မည်သည်ကိုမှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
ပိန်ပိန်ပါးပါးခန္ဓာကိုယ်နှင့် ဓါးနတ်ဆိုးရှီလိုင်သည် ယန်ချန်ကို ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။
“ဟုတ်တယ်  ငါကနတ်ဘုရားအတိဒုက္ခကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီး ။ပြီးတော့ နတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ်”
ထို့နောက် သူသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ လေထုထဲ၌ ရပ်တန့်နေခဲ့ပြီး ဘိုးဘေးနယ်မြေကို ကြည့်ရှုနေခဲ့သည်။ကောင်းကင်ဘုံတမျှလှပနေခဲ့သော ဘိုးဘေးနယ်မြေသည် ယခုအခါတွင် ဖျက်စီးခြင်းခံရပေတော့မည်။ထိုအချိန်၌ ရုတ်တရက်ဆိုသလိုပင် မထူးမခြားနားဟန်ရှိသော လေသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
“နတ်ဘုရားတစ်ပါးဖြစ်လာတယ်လို့လား”
“မင်းမှာ နတ်ဘုရားခန္ဓာကိုယ်တောင် ရှိမနေဘဲ ကိုယ့်ကိုယ်ကို ဘယ်လိုတောင် နတ်ဘုရားလို့ ခေါ်ဝံ့တာလဲ”
နတ်ဆိုရှီလိုင်သည် အသံကြားရာသို့လှည့်ကြည့်လိုက်ရာ သူ့ရဲ့အကြည့်တို့သည် လုရီဖျင်နေရာ၌ ရပ်တန့်သွားခဲ့သည်။လုရီဖျင်လက်ထဲရှိ ကြက်သွေးနီမီးလျှံဓါးကို မြင်သောအခါ သူသည်အတော်လေး အံ့အားသင့်သွားခဲ့သည်။အတိတ်ကာလ၌သူသည် ယန်တျန်၏ ကြက်သွေးနီမီးလျှံဓါးဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ရှုံးနိမ့်ခဲ့သည်။
“သေမျိုးတစ်ယောက်က ယန်တျန်ရဲ့ ကြက်သွေးနီမီးလျှံဓါးကို ကိုင်ထားတာလား”
ဓါးနတ်ဆိုးရှီလိုင်သည် သူ့ရှေ့ရှိ မိုးပြာရောင်ဝတ်စုံဝတ် လူငယ်လေးကို သံသယမျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။
“ဂျူနီယာ မင်းနာမည် ဘယ်သူလဲ”
“ငါ့ရဲ့နာမည်လား မင်းမှာသိနိုင်ဖို့ လုံလောက်တဲ့ အရည်အချင်းမရှိသေးဘူး”
လုရီဖျင်သည် ခတ်ပြတ်ပြတ်ပင် ပြန်လည်ပြောဆိုလိုက်သည်။
“ မင်းတို့အားလုံး ကောင်းကောင်းလုပ်ခဲ့ကြတယ်”
သူ၏စကားတို့ကို ကြားသော်  ယန်ချန်၊ ချန်ဟုန်နှင့်  ဂိုဏ်းမှ အကြီးအကဲအားလုံး ကြောင်အ,သွားခဲ့ကြသည်။ဓါးနတ်ဆိုရှီလိုင်သည် ရူးသွပ်စွာရယ်မော၍ ပြန်လည်ပြောဆိုလိုက်သည်။

တုနှိုင်းမဲ့ ပုဂ္ဂိုလ်-လုရီဖျင်Where stories live. Discover now