အခန်း ၅။ မည်သူမျှဆွဲထုတ်နိုင်ခြင်းမရှိသော ဓားတစ်လက်
ထွက်ခွါလာခဲ့ကြပြီးနောက် လုရီဖျင်တို့သည် မြူနှင်းမြို့တော်၏ အခမ်းနားဆုံးတည်းခိုဆောင်တစ်ခုဖြစ်သော ကျင်းဖုန် တည်ခိုဆောင်၌ တစ်ညတာမျှ တည်းခိုခဲ့ကြသည်။
နောက်တစ်နေ့၌ ဆက်လက်၍ ခရီးဆက်ခဲ့ကြသည်။
လုရီဖျင်သည် စစ်ရထားပေါ်၌ထိုင်နေခဲ့ကာ မြူနှင်းဝိုင်တစ်အိုးကို လက်၌ ကိုင်ဆောင်ထားခဲ့ပြီး တစ်ချိုက်မျှ မော့သောက်လိုက်သည်။ ထို့နောက် ခေါင်းကို တစ်ချက်ခါးရမ်းမိလိုက်သည်။ ဤဝိုင်၏ အရသာသည် အတိတ်ကာလက ကဲ့သို့ ကောင်းမွန်ခြင်းမရှိတော့ပေ။ သူသည် ပိုမိုသောက်လေလေ ခံစားမှုအရသာသည် လျော့နည်းလာလေလေဖြစ်နေခဲ့သည်။
"မိုးကြိုးစာငှက်ဓားဂိုဏ်းရဲ့ အခုလက်ရှိဘိုးဘေးက ဘယ်သူလဲ"
လုရီဖျင်သည် လုဖမ်းအား စကားမဆက်မေးမြန်းလိုက်သည်။
ထိုအခါ လုဖမ်းသည်ချက်ချင်းပင်ပြန်လည်ဖြေကြားလိုက်၏။
"သခင်ယန်ချန်ပါ"
"သခင်ယန်ချန်က မိုးကြိုးစာငှက်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်တင်မဟုတ်ဖူး။ ဝူကျိမင်းဆက်ရဲ့ အရှင်သခင်လေးပါးထဲက တစ်ပါးဘဲ။ ဒါပေမဲ့ သခင်ယန်ချန် လူရှေ့ကိုထွက်မလာတာ နှစ်ပေါင်းအတော်လေးကြာနေခဲ့ပြီ"
"ဒါပေမဲ့ မကြာသေးခင်က ကြားခဲ့ရတဲ့ ကောလဟာလတွေအရဆိုရင် သခင်ယန်ချန်ရဲ့ တပည့် သခင်ချန်ဟုန်က ဒိီနှစ်မှာ ကိုယ်ပိုင်တပည့်တစ်ယောက်လက်ခံမယ်လို့ ပြောနေကြတယ်"
"ဒါကြောင့်မို့ ကျန့်ယွဲ့၊ မင်းသမီးလေးထိုက်ယန်နဲ့ ရှောင်ချန်ဖုန်းတို့လို သခင်လေးတွေတောင်တပည့်လက်ခံခြင်းစုဝေးပွဲကို လာကြတာဖြစ်နိုင်တယ်"
"ယန်တန်ကော ဘယ်မှာလဲ"
လုရီဖျင်သည် ရုတ်တရက်ပင် မေးမြန်းလိုက်သည်။
"ယန်တန်လို့လား"
လုဖမ်းအားကြည့်ရသည်မှာ အတော်လေးထိတ်လန့်သွားပုံပေါ်၏။