အခန်း ၁၁။ အနက်ရောင်နတ်ဆိုးခန်းမ
အချိန်အတော်ကြာသည့်တိုင်အောင်နတ်ဆိုးရှီလိုင်သည် မတ်တပ်ထရပ်နိုင်ရန်ကြိုးစားနေခဲ့ပြီး လုရီဖျင်ကို ကြောက်ရွံ့မှုအပြည့်ဖြင့်ရှိနေသောမျက်လုံးများဖြင့်ကြည့်နေခဲ့သည်။
သူသည် ထာဝရဓားအလင်းတန်းအပေါ်အတော်လေးယုံကြည်မှုတို့ရှိနေခဲ့ပြီး ဓားနတ်ဘုရားယန်တန်ပင်လျှင်အလွယ်တကူ ရင်ဆိုင်နိုင်မည်မဟုတ်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်းယခုအခါတွင်တော့ ထာဝရဓားသည် လူငယ်လေးတစ်ယောက်၏ အသာအယာလေဖြင့်မှုတ်ထုတ်လိုက်ရုံမျှဖြင့် ပျောက်ကွယ်သွားခဲ့ရသည်။
နတ်ဆိုးရှီလိုင်သည် လည်ပင်ထက်သို့ပြို့တက်လာသော ပူနွေးသောသွေးတို့ကို အတင်းမြို့ချ၍ မေးမြန်လိုက်သည်။
“အရှင်က တကယ်ဘဲ ဘယ်သူလဲ”
“အဆင့်အမှန်နတ်ဘုရားအဆင့်ကို ရောက်နေခဲ့ပြီလား”
“ဘာဖြစ်တယ် အစစ်အမှန်နတ်ဘုရားအဆင့်လို့လား”
ယန်ချန်တို့အားလုံး အတော်လေးထိတ်လန့်ခြောက်ခြားသွားခဲ့ကြကာ လုရီဖျင်ကို မယုံကြည်နိုင်သောမျက်ဝန်းများဖြင့် ကြည့်မိလိုက်ကြသည်။
“အစစ်အမှန်နတ်ဘုရားအဆင့်လား….ဟမ့်…..”
လုရီဖျင်သည် မထူးမခြားနားဟန်ဖြင့်ပင် ပြုံးကာပြန်ပြောလိုက်သည်။
သူ၏ စကားတို့ကိုကြားသော် လူတိုင်းသည် ကြက်သေသေနေမိကြသည်။
“ငါက မြင့်မြတ်တောအုပ်က လာခဲ့တာဘဲ”
လုရီဖျင်သည် ဤစကားတို့ကို ခပ်ဖြည်းဖြည်းပင်ဆက်လက်ပြောဆိုလိုက်သည်။
လေသံသည် လွန်စွာကျယ်လောင်ခြင်းမရှိသော်လည်း ရှင်းလင်းပြတ်သား၍ အေးစက်မှုတို့ အတိဖြင့်ရှိနေခဲ့သည်။
ဤစကားတို့သည်ကား နတ်ဘုရားအတိဒုက္ခမိုးကြိုးကပ်လေးထက်ပင် ပိုမိုကြောက်စရာကောင်းနေခဲ့ကာ ရှီလိုင်၊ယန်ချန်နှင့် ကျန်လူများအားလုံးစိတ်ထဲ၌ ဗလာကျင်းသွားခဲ့ရသည်။
လူတိုင်း၏ မျက်နှာထက်တွင် ထိတ်လန့်တကြားဖြင့်ရှိနေခဲ့ကြသည်။
![](https://img.wattpad.com/cover/371025569-288-k398620.jpg)