ချစ်ခြင်းနဲ့လင်းတဲ့အကြိမ် 3

114 3 0
                                    

ဧကြည်ဖြူ

" ချစ်ခြင်းနဲ့ လင်းတဲ့ကြယ် ''

(အခန်းဆက်ဝတ္ထုရှည် )
အပိုင်း (၃)
*********************^
"ဘာ ..ဘာပြောတာလဲဟင် အထွန်း ''

       အထွန်းကိုကြည့်ပြီ မေဖြူ ထစ်ထစ်အအနဲ့ မေးလိုက်မိတယ်။

" စာမေးပွဲလဲပြီးသွားပြီဆိုတော့ မင်းအပြင်မှာအလုပ်ထွက်လုပ်ပါဖြူဖြူ ...အိမ်ထဲမှာပဲမနေနဲ့...စာမေးပွဲအောင်ခဲ့ရင်  အဝေးသင်တက်ဖို့ကြိုးစားပါ ... မအောင်ခဲ့ရင်လဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့အလုပ်တစ်ခုကိုသေချာလုပ်ပါ ..."

     အထွန်းပြောနေပုံက မသိရင် အထွန်းက အဝေးကြီးကို ထွက်သွားတော့မဲ့ ပုံစံမျိုးဖြစ်နေတာမို့ မေဖြူ့ရင်ထဲ အလိုလိုဝမ်းနည်းအားငယ်လာမိတယ်။

"ဒါ ...ဒါတွေကို ဘာလို့မှာနေတာ....အထွန်းက ဘယ်သွားမှာမို့လဲဟင် ...နိုင်ငံခြားသွားမလို့လား အထွန်း "

"ဟင့်အင်း  ... ဘယ်ကိုမှမသွားပါဘူး...အိမ်မှာပဲရှိမှာပါ..ကျောင်းလဲတက်ရမယ်... မိဘတွေကိုလဲကူရအုံးမယ်လေ .. ရှေလျှောက်တို့တွေ တွေ့ဖို့ အချိန်မရတော့ဘူး."

"တစ်ပတ်မှတစ်ခါပဲဖြစ်ဖြစ် လေးငါးဆယ်မိနစ်လောက်တောင် အချိန်မရဘူးလား အထွန်းရယ် ...နင်အားတဲ့အချိန်ကို ငါလာစောင့်ပေးမှာပေါ့ "

      မေဖြူတောင်းတောင်းပန်ပန်နဲ့ အထွန်းကိုပြောလိုက်တယ်။

"ကိုယ့်ကိုအသက် (၂၅) နှစ်လောက်အထိပဲစောင့်ပေးနိုင်းမလား ဖြူဖြူ ...ဒီကြားထဲမှာတော့ တို့တွေ လမ်းတွေ့ရင်တောင်တစ်ယောက်နဲ့တစ်ယောက် မသိချင်ယောင်ဆောင်နေကြရမယ် "

       အထွန်းရဲ့ စကားကြောင့် မေဖြူ အထွန်းမျက်နှာကို ကြောင်တက်တက်နဲ့ ငေးကြည့်နေမိတယ်။တစ်နေ့ မတွေ့ရမခေါ်ရ ရင်တောင် ညဘက်တွေအိပ်မပျော်နိုင်တာ။နှစ်ပေါင်းများစွာမခေါ်မပြောဘဲ နေရမယ်တဲ့လား ။အသက် (၂၅) နှစ်ပြည့်ဖို့က (၇)နှစ်လောက်စောင့်အုံးမှာလေ။ အချိန် (၇) နှစ်ဆိုတာနည်းလား။ ဒီကြားထဲမှာ မေဖြူသေသွားခဲ့ရင် ရောဘယ်လိုလုပ်မှာလဲ။

" အထွန်းအိမ်က မေဖြူနဲ့မပေါင်းခိုင်းလို့လားဟင် "

"ဒါတွေ မေးမနေပါနဲ့ ဖြူဖြူရာ ... မင်း ကိုယ့်ကို စောင့်နေနိုင်လားပဲပြောပါ "
  
         အဖြေကိုသိသိနဲ့ မေးလိုက်မိပြီးမှ မေဖြူ့ရင်ထဲနာကျင်သွားမိတယ်။လက်သူကြွယ်မှာ ပူပူနွေးနွေးဝတ်ထားတဲ့ ကျောက်စိမ်း လက်စွပ်လေးက မေဖြူ့ကိုများသနားနေမလား။ သို့မဟုတ် လောင်ပြောင်နေလေမလား။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now