#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက်ဝတ္ထုရှည် )အပိုင်း (၂၂)
*******************************
ဘီလူးသရဲစီးနေသလိုဖြစ်နေတဲ့ အထွန်းကိုမေဖြူ မနည်း၀င်ဆွဲလိုက်ရတယ်။ ကံကောင်းသွားတာက အထွန်းကောက်ယူလိုက်တဲ့သစ်သားချောင်းက ခြံစည်းရိုးကနေ ဆွေးမြေ့ကျနေတဲ့ သစ်သားချောင်းဖြစ်နေခဲ့လို့ ဖခင်ဦးအောင်မိုးတစ်ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရမသွားခဲ့ဘူး။"ဟဲ့အကောင် ... နင်ကဘာကောင်လဲ..နင့်ဟာမဟိုထိလို့ ငါ့ယောကျာ်းကို ၀င်ရိုက်ရတာလား ..နင့်ကိုရုံးတိုင်မယ်...ထောင်ချပစ်မယ် ..နှစ်ယောက်ပေါင်းပြီး ငါ့ယောကျာ်းကို ဝိုင်းရိုက်ကြတာ"
စူးစူးဝါးဝါးထအော်လိုက်တဲ့ အဖေ့မိန်းမကိုကြည့်ပြီး မေဖြူစက်ဆုပ်ရွံရှာသွားမိတယ်။
"အထွန်း ...အထွန်းပြန်တော့နော် ... ဒီကိစ္စကို မေဖြူရှင်းလိုက်မယ် "
မေဖြူပြောလိုက်ရင်း အထွန်းကိုဆွဲပြီးခြံဝကိုတွန်းပို့လိုက်တယ်။
"မသွားဘူး မေဖြူ ... မိဘဖြစ်ပြီး ..မိဘစိတ်မရှိတဲ့လူကို မှတ်လောက်အောင် ဆုံးမချင်တာ...မေဖြူထွက်လာခဲ့ ...ဒီလိုလူမျိုးကို ထောက်ပံ့စရာမလိုဘူး ...မိဘလို့လဲသက်မှတ်စရာမလိုဘူး "
မေဖြူ အံ့ဩတုန်လှုပ်ပြီး အထွန်းမှဟုတ်ရဲ့လားလို့ကြည့်နေမိတယ်။အထွန်းသိပ်ကိုပြောင်းလဲနေတယ်။ဟိုအရင်ကဆို ရှက်တတ်လွန်းလို့ အသံကျယ်ကျယ်နဲ့ တောင်စကားမပြောခဲ့တဲ့အထွန်းက လက်သီးလက်မောင်းတန်းပြီး စိန်ခေါ်နေတာလေ။
"မင်းကဘာကောင်လဲ ... ငါက ..ငါ့သမီးကို ဆုံးမနေတာကို... မင်းက ဘာဆိုင်လို့လဲ ...ဘာလဲ ...မင်းက သူ့ရည်းစားလား ဟုတ်လား ...အဲ့ဒါဆို ငါ့ကိုပိုက်ဆံပေးစမ်း ..ငါပိုက်ဆံလိုတယ် ... ပေးမှာလား ... မပေးဘူးလား ..မပေးရင် ငါ့ကို ရိုက်မှုနဲ့ မင်းကိုတိုင်မယ် "
မြေပြင်ပေါ်ကနေ ကုန်းရုန်းထလာပြီး မူးမူးရူးရူးနဲ့ အော်နေတဲ့ ဖခင်ကိုကြည့်ပြီး မေဖြူနေရာမှာတင် သေဆုံးသွားချင်စိတ်ဖြစ်လာမိတယ်။အဖေ့မိန်းမကတော့ မေဖြူတို့ကိုဆဲဆိုပြီး အပြင်ကိုထွက်သွားခဲ့တယ်။
YOU ARE READING
ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
Romance#ချစ်ခြင်းနဲ့လင်းတဲ့ကြယ် (အခန်းဆက်ဝတ္ထု) စ/ဆုံး ဇာတ်လမ်းအကျဉ်း.... ပြည့်တန်ဆာမိခင်နဲ့ / ပြည့်တန်ဆာခေါင်းလုပ်စားတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာခဲ့တဲ့ မေဖြူဖြူ။ မိဘနှစ်ပါးက မေဖြူဖြူကို သူတို့တွေရဲ့ လုပ်ငန်းခွင်ထဲကို ဆွဲသွင်းဖို့ ကြိုးစားခဲ့တဲ့အခါ ...