ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 26

490 9 1
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက် ဝတ္ထုရှည် )

အပိုင်း (၂၆  ) ( ဇာတ်သိမ်းပိုင်း )

*************************^^*^
       မေဖြူ့ခြေလှမ်းတွေတွန့်ခနဲဖြစ်သွားမိတယ်။မမအေးက တွေ့ချင်တယ်ဆိုပြီး ဖုန်းဆက်ခေါ်ခဲ့လို့ ဖခင်နဲ့ဆုံမှာကိုကြောက်ကြောက်နဲ့ မေဖြူလာခဲ့ရတာ။ ရုတ်တရက် အေးလင်းထွန်းရဲ့ အစ်မတွေကို တွေ့လိုက်ရတော့ မေဖြူ နားမလည်နိုင်ဘဲ ဖြစ်သွာမိတယ်။မမအေးက မေဖြူ့နားကိုကပ်လာပြီး အသံတိုးတိုးနဲ့ တောင်းပန်ရှာတယ်။

"မမအေး တောင်းပန်ပါတယ် မေဖြူ..သူတို့ကအတင်းတောင်းပန်နေလို့ရယ် ... အေးလင်းထွန်းလဲ မကျန်းမမာဖြစ်နေတယ်ပြောလို့ပါ "
         မမအေးလက်ကို မေဖြူခပ်ဖွဖွဆုပ်ညှစ်လိုက်မိတယ်။မမအေးက မေဖြူဒုက္ခရောက်မှာကိုမလိုလားသူမှန်းမေဖြူ သိပြီးသားပဲလေ။ ဒီကိစ္စမှာမေဖြူဘက်ကလဲ အထွန်းကိုတွေ့ချင်နေလိမ့်မယ်လို မမအေးထင်နေတာကို မေဖြူ ရိပ်စားမိလိုက်ပါတယ်။

"ကျွန်မနဲ့ တွေ့ချင်တာ ဘာကိစ္စများလဲ "

       ညီအစ်မနှစ်ယောက်ရှေ့မှာဝင်ထိုင်ရင်းမေဖြူတည်တည်ငြိမ်ငြိမ်နဲ့ပဲမေးလိုက်တယ်။

"ဟို .. ဟိုလေ ..အစ်မတို့အရင် တောင်းပန်ပါရစေကွယ် ...မေဖြူဖြူ့ကို အစ်မတို့လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်နော် "

        မေဖြူမဲ့ပြုံးလေးပြုံးလိုက်မိရင်း

"အစ်မတို့မှာ အကြောင်းကိစ္စမရှိဘဲနဲ့တော့ ကျွန်မကိုတောင်းပန်စကားဆိုမယ်မထင်ဘူး ...အဲ့ဒီတော့ လိုရင်းကိုပြောပါ....အရင်တုန်းက အကြောင်းတွေကို  ကျွန်မမေ့ပစ်လိုက်ပါပြီ "

         မေဖြူပြောလိုက်တော့ ကြည်ကြည်ထွန်းနဲ့ ရီရီထွန်းက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး သက်ပြင်းကိုယ်စီချလိုက်ကြတယ်။

"ဒီ...ဒီလို ပါကွယ်.....အထွန်း....အထွန်းနေမကောင်းဖြစ်နေလို့ပါ....အဲ့ဒါ မေဖြူတစ်ခါလောက်ဖြစ်ဖြစ် တို့ မောင်လေးကို လာတွေ့ပေးဖို့ တောင်းဆိုချင်လို့ပါ"
  
         မေဖြူ့မျက်နှာကို မျှော်လင့်တကြီးနဲ့ ကြည့်ပြီး တောင်းဆိုနေကြတဲ့ ညီအစ်နှစ်ယောက်ကို မေဖြူမယုံနိုင်စွာကြည့်နေမိတယ် ။ တဆက်တည်းမှာလဲ အထွန်းတစ်ယောက်ဘယ်လောက်တောင်များ နေမကောင်းဖြစ်နေလို့လဲလို့ တွေးလိုက်မိပြန်တယ်။တော်ရုံကိစ္စလောက်နဲ့တော့ ဒီမိသားစုကမာန်မာနတွေကိုချမဲ့သူမျိုးတွေ မဟုတ်ဘူးဆိုတာ မေဖြူအသိဆုံးပဲလေ။ မေဖြူ စိုးရိမ်စိတ်လေးနဲ့မေးလိုက်မိတယ်။

You've reached the end of published parts.

⏰ Last updated: Jun 16 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now