ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 17

131 3 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက်ဝတ္ထုရှည်)

အပိုင်း ( ၁၇ )
***************************
" မြေးလေးအဘွားကိုပြုစုပေးရတာပင်ပန်းနေပြီလားကွယ် ..မပြုစုပေးချင်တော့ဘူးလား "

       အဘွားဖြစ်သူရဲ့ စကားကြောင့် ညီလင်းညိုစိတ်ထဲမကောင်းဖြစ်သွားမိတယ်။

"ကျွန်တော်အလုပ်များနေလို့ပါ အဘွား...အလုပ်တွေပြီးတာနဲ့ အဘွားဆီကိုပြေးလာပါ့မယ် ..အဘွားဘယ်တွေသွားချင်လဲ စဉ်းစားထားလေ "

         ဝှီးချဲလ်ကို ခပ်ဖြည်းဖြည်း တွန်းရင်း ညီလင်းညိုပြောလိုက်တော့ အဘွားကပြုံးပြီး ညီလင်းညိုကိုကြည့်တယ်။ ညီလင်းညို အဘွားရဲ့လက်ဖဝါးတွေကို ခပ်ဖွဖွဆုပ်ကိုင်လိုက်မိတယ်။ ခမ်းနားထည်ဝါလှတဲ့ တိုက်ကြီးထဲမှာ အဘွားတစ်ယောက် ဝှီးချဲလေးပေါ်ထိုင်ရင် အချိန်တွေကုန်ဆုံးနေရတာကို ညီလင်းညိုသနားမိတယ်။ အရင်ကဆို တစ်အိမ်လုံးရဲ့စားရေးသောက်ရေးကို အလုပ်သမားတွေနဲ့ တန်းတူလုပ်ကိုင်ခဲ့ရှာတဲ့အဘွား။ ဒီတစ်အိမ်လုံးမှာ ညီလင်းညိုသံယောဇဉ်အရှိဆုံးအဘွား။ ထက်မြက်လှတဲ့ ယောကျာ်းနဲ့ အိမ်ထောင်ကျခဲ့ရပေမဲ့ဘ၀ကို ရိုးရိုးအေးအေးပဲ ဖြတ်သန်းချင်ရှာတဲ့အဘွား။ သူ့အတွက် ယောကျာ်းနဲ့ သားရယ် ကျယ်ဝန်းလှတဲ့တိုက်ကြီးရယ်ကပဲ ကမ္ဘာတစ်ခုလို့သဘောထားပြီး နေခဲ့တဲ့အဘွား။သားဖြစ်သူအိမ်ထောင်ပြုတော့လဲ ချွေးမကိုပါလေးစားနေရာပေခဲ့တဲ့အဘွား။ တစ်မိသားစုလုံးကနေရာမပေးဘဲ နှိမ်နှိမ်ချချဆက်ဆံခဲ့ပေမဲ့မိသားစုတွေကို မေတ္တာမပျက်ခဲ့တဲ့အဘွား။ပြီးတော့ ညီလင်းညိုကိုတွယ်တာသံယောဇဉ်ကြီးလွန်းလှတဲ့အဘွား ပေါ့။ ညီလင်းညိုအိမ်ပေါ်က ဆင်းသွားတုန်းက သူမစုဆောင်းထားသမျှတွေကိုထုတ်ပေးခဲ့ရှာတယ်။အဲ့ဒီတုန်းကလဲ အဘွားကိုကြည့်ပြီး ညီလင်းညိုဝမ်းနည်းခဲ့ရတယ်။ သူဋ္ဌေးကြီးတစ်ယောက်ရဲ့ ဇနီးဖြစ်တဲ့ အဘွားမှာ သူမတို့ မင်္ဂလာဦးလက်ဖွဲ့ဖြစ်တဲ့ ရတနာပစ္စည်းနည်းနည်းပါးပါးကလွဲလို့ ဘာဆိုဘာမှမရှိရှာဘူး။ မိခင်ရဲ့ လက်ဝတ်လက်စားဘူးကို မြင်ယောင်ပြီး ဘွားအေကြီးကိုညီလင်းညိုသနားပိုခဲ့မိတယ်။ဒါကြောင့်လဲ အိမ်ကဆင်းခါနီး အဘွားကို ကတိတွေအကြိမ်ကြိမ်ပေးခဲ့မိတယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now