ဧကြည်ဖြူ
"ချစ်ခြင်းနဲ့ လင်းတဲ့ကြယ် "
(အခန်းဆက် ဝတ္ထုရှည်)အပိုင်း (၂)
****************************
"သမီးလက်ခံလိုက်ပြီးပေါ့ ဟုတ်လား ...ဒါဆို ဦးချမ်းကို အဆင်ပြေတယ်လို့ ပြန်ပြောလိုက်တော့မယ်နော် "
အမေ့ရဲ့ ဝမ်းသားအားရ ပြောလိုက်တဲ့အသံကိုကြားရတော့မှ မေဖြူလန့်ဖျပ်သွားမိပြီး အမေ့ဘေးနားကနေ ဝုန်းခနဲထရပ်လိုက်မိတယ်။"ဟင့်အင်း မဟုတ်ပါဘူး ...
သဘောမတူဘူးနော် အမေ ... မေဖြူ စာကျက်ရအုံးမယ် ...စာမေးပွဲကနီးနေပြီး... ဘယ်မှသွားလို့မရဘူး ""ဘာပြောတယ် မိဖြူ ... ဘာစာမေးပွဲလဲ... ဖြေလဲအောင်မှာမဟုတ်ဘဲ အပိုတွေလုပ်မနေနဲ့ ..အဲ့ဒီစာမေးပွဲအောင်တော့ရော ဘာလုပ်စားမှာလဲပြော ..အခုညည်း စားသောက်နေတာတွေက ဦးချမ်းပေးလို့စားသောက်နေရတာကို မမေ့နဲ့ ......"
မေဖြူငြင်းဆန်လိုက်တာနဲ့ အမေ့ဆီက ပြစ်တင်ပြောဆိုစကားနဲ့အတူ ခပ်ရိုင်းရိုင်းဆဲဆိုသံတွေ ထွက်လာတယ်။
"အေး ညည်းအဖေလာမှသိမယ် ...ညည်းက လူလိုပြောလို့ နားမလည်းဘူး... တိရစ္ဆာန်တွေလို ကြိမ်တို့မှ သိမဲ့ဟာမျိုး ... ဒီလိုသောက်ချိုးမှန်းသိရင် မွေးပြီးကတည်းကပစ်ခဲ့လိုက်တယ်..."
အမေ့ရဲ့ စကားသံတွေကို ကျောခိုင်းပြီး မေဖြူအခန်းလေးထဲကို ပြေး၀င်လာခဲ့လိုက်တယ်။
~~~~~~~~~~~~~~~~~~~~~
အခန်းထဲရောက်တော့ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် မသတီသလို ကြည့်လိုက်မိတယ်။ငွေတစ်သိန်းဆိုတဲ့အသံကြားတာနဲ့ တွေဝေသွားခဲ့မိတဲ့ ကိုယ့်ကိုယ်ကို မေဖြူလက်ဝါးနဲ့ တဖြန်းဖြန်းလိုရှိုက်ပစ်လိုက်တယ်။ဒီလိုပုံအတိုင်းသာဆိုရင် ငွေသိန်းချီနဲ့ မြူဆွယ်လာတဲ့အခါ မေဖြူ ငြင်းဆန်နိုင်မှာတဲ့လား။ ဒါဆိုရင်ဖြင့် မေဖြူက ဘယ်အတန်းအစားကို ရောက်သွားမှာလဲ။အမေ့ဆီမှာ အလုပ်လုပ်နေကြတဲ့ မမသက်တို့ ကြည်ည်ပြာတို့လိုလူမျိုးတွေနဲ့ မေဖြူက ဘ၀တူတွေဖြစ်သွားမှာမဟုတ်ဘူးလား။မိဘတွေက ဒီလိုအလုပ်လုပ်ပြီး ရလာတဲ့ငွေတွေနဲ့ မေဖြူ စားသောက်ရှင်သန်နေရတာကိုလဲ သဘောမကျပါဘူး။ ဒါပေမဲ့ မေဖြူမှာ အလုပ်မှမရှိတာ။ မေဖြူ ဆယ်တန်းလဲမအောင်ဘူး။ အပြင်မှာအလုပ်ထွက်လုပ်ဖို့က ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိပြန်ဘူး။ မေဖြူတို့သပြေချောင်မှာနေတဲ့သူ အများစုက ရပ်ကွက်တွေထဲစျေးလိုက်ရောင်းကြတဲ့သူတွေ ပိုများတယ်။ အပြင်အလုပ် ထွက်လုပ်တဲ့သူတွေရှိပေမဲ့ အများစုက ပန်းရံတွေလိုက်လုပ်ကြတာ။ ဒါတော့ မေဖြူမလုပ်နိုင်ဘူး ။ အရမ်းပင်ပန်းတယ်လေ။ တိုက်အမြင့်ကြီးတွေပေါ် တက်ရတာတဲ့လေ။ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ။တချို့လဲ စတိုးဆိုင်နဲ့ စက်ရုံတွေမှာ အလုပ်ဆင်းကြတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင်မလေးတွေရဲ့ မိဘတွေက သူတို့ သားသမီးတွေနဲ့ မေဖြူကို အပေါင်းအသင်းမလုပ်ခိုင်းဘူးလေ။ကျောင်းအတူတက်ခဲ့ကြတဲ့သူငယ်ချင်းတွေမို့ နှုတ်ဆက်စကားပြောမိရင်တောင် မသတီသလို အကြည့်တွေနဲ့ အကြည့်ခံရတာမျိုး။ မေဖြူကဘာလုပ်မိလို့လဲ။ရပ်ကွက်တွေထဲ ဈေးလိုက် ရောင်းဖို့ကိုလဲ မေဖြူမရဲဘူး။
YOU ARE READING
ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
Romans#ချစ်ခြင်းနဲ့လင်းတဲ့ကြယ် (အခန်းဆက်ဝတ္ထု) စ/ဆုံး ဇာတ်လမ်းအကျဉ်း.... ပြည့်တန်ဆာမိခင်နဲ့ / ပြည့်တန်ဆာခေါင်းလုပ်စားတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာခဲ့တဲ့ မေဖြူဖြူ။ မိဘနှစ်ပါးက မေဖြူဖြူကို သူတို့တွေရဲ့ လုပ်ငန်းခွင်ထဲကို ဆွဲသွင်းဖို့ ကြိုးစားခဲ့တဲ့အခါ ...