ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 24

147 3 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၂၄ )

*****************************
        အေးလင်းထွန်း အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး အိပ်နေရာကနေထထိုင်လိုက်တယ်။သူ ဘယ်လောက်အထိ အိပ်ပျော်နေခဲ့လဲ မသိပေးမဲ့ အိမ်ပြင်က ငှက်ကလေးတွေရဲ့အော်သံတွေကို ကြားနေရတယ်။ အခန်းပြင်ကို အေးလင်းထွန်းထွက်ခဲ့ လိုက်တယ်။
~~~~~~~~~~~~~~~~~~~~~~
"သား နိုးလာပြီလား .... ရေတစ်ခါတည်းချိုးလိုက်ပြီး မနက်စာစားရအောင် "

"ဟုတ်ကဲ့ "
         အေးလင်းထွန်းက မိခင် ပြောတာကို ခေါင်းငြိမ့်ပြပြီး ရေချိုးခန်းရှိရာဘက်ကို ထွက်ခဲ့တယ်။

~~~~~~~~~~~~~~~~~~~
       မိသားစုလေးယောက်ရဲ့ မနက်စာဝိုင်းက တိတ်ဆိတ်စွာရှိနေတယ်။ဦးစိုးထွန်းက သားဖြစ် သူကိုအကဲခတ်ကြည့်လိုက်ပြီး

"သား ဒီနေ့လဲဆိုင်မသွားနဲ့တော့လေ ...အိမ်မှာ အနားယူလိုက်အုံး "

"ဟုတ်ကဲ့ "

          အေးလင်းထွန်းက ဖခင်ကြီးပြောတာကို ခေါင်းငြိမ့်ပြလိုက်ပြီး မနက်စာကို ဆက်စားနေတယ်။

"ဒီနေ့ သားဆိုင်မသွားဘူးဆိုတော့ သားကြိုက်တာတွေ အမေချက်ကျွေးမယ် ..သားဘာကြိုက်တာလဲ "

       မိခင်ဒေါ်လှလှမြင့်က မေးလိုက်တော့ အေးလင်းထွန်း မိခင်ကိုဖျတ်ခနဲမော့ကြည့်လိုက်မိတယ်။

"အမေတို့ကြိုက်တာ ချက်လေ''

"အမေ့သားက ဘာတွေကြိုက်တာလဲ ..."

          ဒေါ်လှလှမြင့်က သားဖြစ်သူရဲ့ အကြိုက်ကိုတကယ်မသိတာမို့ ထပ်မံပြီးမေးလိုက်တယ်။

"ကျွန်တော်ဘာဟင်းတွေကြိုက်လဲ
ကျွန်တော်လဲမသိဘူး ...အမေတို့ကြိုက်ရင် ကြိုက်ပါတယ်"

           အေးလင်းထွန်းရဲ့ အဖြေကြောင့် ဒေါ်လှလှမြင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြတယ်။နှစ်ဆယ့်ခြောက်နှစ်ဆိုတဲ့ အသက်အရွယ်က တကယ်ဆိုရင် မိသားစုတာဝန်ကို ထမ်းဆောင်နိုင်တဲ့ အရွယ်ဖြစ်နေပြီလေ။ ဒါပေမဲ့ ဒီနေ့အချိန်အထိ ဒေါ်လှလှမြင့်တို့က သားဖြစ်သူကို အစားအသောက်ကအစ ဘာစားရမယ်၊ဘာတွေတော့မစားရဘူးလို့ သက်မှတ်ပေးခဲ့တာ။ဒါတွေကို အေးလင်းထွန်းကလဲ တစ်ခွန်းမှမငြိုငြင်ဘဲလိုက်နာခဲ့တယ်။ခပ်ငယ်ငယ်ကတော့ သူလုပ်ချင်တာဖြစ်ချင်တာကိုပြောခဲ့ပေမဲ့ ဒေါ်လှလှမြင့်တို့သားမိတွေက ကန့်ကွက် တားဆီး-ခဲ့မြဲ။ သားဖြစ်သူကို တစ်ခုခုပြောမရရင်လဲ ဒေါ်လှလှမြင့်က အိပ်ရာပေါ် ခွေပြီး နေမကောင်းဖြစ်ပြလိုက်ရုံပဲ ဒါဆိုရင်အေးလင်းထွန်းက သူဖြစ်ချင်တာတွေကို လက်လျှော့ပစ်လိုက်မြဲပဲ။ ဒီလိုပုံစံနဲ့ပဲ ဒေါ်လှလှမြင့်တို့ နေခဲ့ကြတာလေ။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now