ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 13

99 2 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက် ၀တ္တုရှည် )

အပိုင်း  (၁၃)

*************************
"ငါတို့ဆက်ပြီးနေဖို့ အဆင်ပြေတယ်သိလား ကိုညီ ..ငါ့အမေလဲ ပြဿနာလာမရှာတော့ပါဘူး ....ငါတော့လေးငါးလလောက်နေပြီး ငွေသေချာစုချင်လို့လေ ... နင်ရောဆက်နေမှာလား "
 
       မေဖြူက အားတက်သရောပြောလိုက်ပေမဲ့ ညီလင်းညိုပုံစံကမတုန်မလှုပ်မို့ မေဖြူစိတ်မရှည်နိုင်ဘဲထပ်ပြီးမေးလိုက်တယ်။

" ဟယ် ငါမေးနေတာမကြားဘူးလား  "

" အင်း ကြားပါတယ် ... ငါစိတ်ရှုပ်နေလို့ပါ ဘာတွေလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ''

"ဘာဖြစ်လို့လဲ ... အလုပ်ကအဆင်မပြေဘူးလား ..."

"အလုပ်ကအဆင်ပြေတယ် .. တခြားပြဿနာကြောင့်ပါ...ပြီးတော့ ကောင်မလေးလဲနေမကောင်းဖြစ်နေတယ်လို့ သတင်းကြားလို့ "
 
       ညီလင်းညိုကိုအံ့သြပြီး မေဖြူကြည့်လိုက်မိတယ်။သူ့ပုံစံက ချစ်သူရှိနေတယ်လို့ကိုမထင်ရဘူးလေ။

"နင့်မှာချစ်သူရှိတာလား ... တစ်ခါမှမပြောဖူးလို့ "

" ပြောဖို့အကြောင်းမတိုက်ဆိုင်လို့ပါဟာ ...ပြီးတော့ မတွေ့တာကြာပြီလေ ''

      ပြောပြီး ငြိမ်သက်သွားတဲ့ညီလင်းညို ရဲ့မျက်နှာကို မေဖြူ အကဲခတ်ကြည့်လိုက်မိတယ်။

" နင့်မှာ မိသားစုမရှိဘူးလား ..မိဘညီကိုမောင်နှမတွေပေါ့ "

" အဲ့ဒါတွေ မသိချင်ပါနဲ့ဟာ "

        ဒီမေးခွန်းကိုမေးတိုင်းဖြေလေ့မရှိတာမို့ မေဖြူထပ်မေးမိပြီးမှအားနာသွားမိတယ်။ဒီမှာနေလာတဲ့ လေးငါးခြောက်လအတွင်းမှာ ညီလင်းညိုက သူ့မိသားစုအကြောင်းကို တစ်ခါမှကိုမပြောဖူးတာလေ။ သူနဲ့ပတ်သက်တဲ့သူဆိုလို့ ရဲနိုင်တစ်ယောက်ကလွဲရင် ဘယ်သူမှကိုမရှိသလိုပဲ။ရပ်ကွက်ထဲက အရက်သမားတွေဇိုးတွေကတော့ခြွင်းချက်ပေါ့လေ။ အဲ့ဒီလူတွေကတော့ သူ့ကိုအတော်လေးကို ခင်မင်ကြတာ။ သူရသမျှပိုက်ဆံတော်တော်များများက အဲ့ဒီလူတွေကို ပေးကမ်းထောက်ပံ့ပေးနေလို့ ကုန်နေတာကို မေဖြူလဲ မကြာခင်ကမှသိတာ။ တစ်ခါတစ်ခါတော့ အပူအပင်သိပ်မရှိတဲ့သူ့စိတ်ကို မေဖြူအားကျမိသလိုတောင် ဖြစ်တယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now