ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 6

104 3 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်

(အခန်းဆက် ဝတ္ထု )

အပိုင်း ( ၆)
****************************
          အထွန်းက အံ့ဩတုန်လှုပ်နေတဲ့ မျက်နှာနဲ့ မေဖြူ့ကို ကြည့်နေတယ်။

"ဖြူဖြူ ... မင်း..မင်းဘာတွေပြောနေတာလဲ  "
 
           အထွန်းရဲ့နှုတ်က အထစ်ထစ်အငေါ့ငေါ့ စကားသံထွက်လာခဲ့တယ်။

"ငါက နင့်ဘေးနားကမိန်းခလေးတွေလောက်တန်ဖိုးရှိချင်မှရှိလိမ့်မယ်... ဒါပေမဲ့ ငါ့ဘဝထဲမှာတော့ ငါကတန်ဖိုးရှိတဲ့မိန်းမပဲ ... နင်တို့က ငွေရှိတဲ့မိဘနဲ့တွေ့ရလို့ ဘ၀ကောင်းကောင်းမှာနေရတယ် ... ငါကဆင်းရဲတဲ့မိဘနဲ့တွေ့ခဲ့လို့ ဘ၀ကိုရုန်းကန်းပြီးနေရတယ်... ဒါနဲ့ပဲ နင်တို့ကတော့ တန်ဖိုးရှိပြီး ငါကအပေါစားပေါ့ဟုတ်လား ...ဒီစကားကိုတခြားသူတွေပြောရင် ငါဘာမှခံစားရမှာမဟုတ်ဘူး ... နင်ပြောထွက်တာကိုတော့ ငါအရမ်းအံ့ဩတယ် အထွန်း ... အေးပါ အခုချိန်ကစပြီး....ငါကလဲ နင့်ကိုဝေးဝေးကရှောင်မယ်ဆိုတာ သိထားလိုက် ... သြော်  ဒါနဲ့ ...နင်စာသင်ပေးခဲ့ပေမဲ့ ငါစာမေးပွဲမအောင်တာကိုရောသိပြီးပြီးလား ...တော်သေးတာပေါ့စာမေးပွဲကျခဲ့လို့ ..မဟုတ်ရင် နင့်ကျေးဇူးတွေကို ငါဆပ်နေရအုံးမယ် "
        ပြောချင်ရာပြောပြီးတာနဲ့ မေဖြူ ချာခနဲ ကျောခိုင်းပြေးထွက်ခဲ့တယ် ။မေဖြူ့ခြေထောက်နားက ကျောက်စိမ်း လက်စွပ်လေးကိုလဲ မေဖြူ မကောက်ခဲ့သလို မေဖြူ့လက်မှာ စွပ်ထားတဲ့လက်စွပ်ကိုလဲ မေဖြူလွှင့်မပစ်ခဲ့ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~
        ဒီနေ့ အိမ်မှာဘယ်သူမရှိကြဘူး။အဖေ မနေ့ညကတည်းက ပြန်မလာလို့ အဓမကအဖေ့ကို သွားရှာနေတယ်။တစ်အိမ်လုံး မေဖြူတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်ရှိနေတယ်။မေဖြူ အခန်းထဲမြန်မြန်ဝင်ခဲ့ပြီး သံသေတ္တာအဟောင်းထဲ လိုအပ်မယ်ထင်တာလေးတွေကို ထုတ်ယူလိုက်တယ်။လောလောဆယ်ဘယ်ကိုသွားရမှန်းမသိပေမဲ့ ဘူတာကြီးမှာနယ်ရထားစီးပြီး  ရန်ကုန်နဲ့ အဝေးဆုံးကို ထွက်သွားမယ်။ နယ်ဘက် ရောက်ရင် သီလရှင်ကျောင်းတစ်ကျောင်းမှာဖြစ်ဖြစ်နေခွင့်တောင်းကြည့်ဖို့ တွေးထားလိုက်တယ်။ အဆင်ပြေတာ မပြေတာတွေ မေဖြူမတွေးချင်တော့ဘူး ။ ဝါကျွတ်ဖို့ တစ်လကျော်ပဲ လိုတော့တာ။ ဦးချမ်းက ဝတ်စုံတွေ ချုပ်ဖို့တောင်ပြောနေပြီလေ ။လက်ထဲမှာပိုက်ဆံမရှိဘူး။ဦအမေကတဆင့် ဦးချမ်းပေးထားတဲ့မုန့်ဖို့ပိုက်ဆံတွေကို မသုံးချင်လို့ သိမ်းထားတာတော့ ရှိတယ်။သူ့ကိုမယူချင်လို့ထွက်ပြေးတာကို သူ့ပိုက်ဆံတွေကို သုံးဖိုကျတော့ စိတ်ကမလုံသလိုဖြစ်နေမိတယ်။သံသေတ္တာကို မဖယ်လိုက်ပြီး အောက်ကခုထားတဲ့အဝတ်ဟောင်းထဲက ပိုက်ဆံအထပ်လေးကို ထုတ်ယူလိုက်တယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now