ချစ်ခြင်းနဲ့လင်းထဲကြယ် 5

110 4 0
                                    

#"ချစ်ခြင်းနဲ့ လင်းတဲ့ကြယ် ''
(အခန်းဆက် ဝတ္တု )

အပိုင်း ( ၅ )
***************************
" ဒါ ...ဒါဆို သမီးလက်ခံလိုက်ပြိပေါ့နော် ...၀မ်းသာလိုက်တာ သမီးရယ် "

" နေအုံး အမေ ...ဒီဝါကျွတ်တဲ့အထိစောင့်ပေးဖို့ပြောပေးပါ...သီတင်းကျွတ်ပြီးမှ သမီးဆယ့်ရှစ်နှစ်ပြည်မှာလေ ....ဒီကြားထဲ အလုပ်လဲလုပ်ချင်သေးတယ် "

"ဝါကျွတ်မှ ဟုတ်လား  "

        အမေက မေဖြူ့ကို သံယောင်လိုက်မေးလိုက်ရင်း စဉ်းစားသလို လုပ်နေတယ်။ပြီးမှ ခေါင်းကို ခပ်လေးလေးငြိမ့်လိုက်ပြီး

"အင်းလေ အမေပြောလိုက်မယ်.. ဦးချမ်းလဲ လက်ခံမှာပါ "

       ဝမ်းသာပျော်ရွှင်သွားတဲ့အမေ့မျက်နှာကို မေဖြူငေးကြည့်နေမိတယ်။အမေ့ခမျာဘ၀က ကံအကြောင်းမလှတဲ့ကြားထဲ အဖေ့လို ပေါ့ပေါ့နေပေါ့ပေါ့စားလူမျိုးနဲ့တွေ့ခဲ့လေတော့ ဒီနွံထဲက တစ်သက်လုံးရုန်းထွက်နိုင်ဖို့ လမ်းစရေးရေးလေးမှမမြင်မိပါ။အမေဘယ်လိုလူစားမျိုးဖြစ်ဖြစ် မေဖြူ အမေ့ကို မမုန်းနိုင်တာတော့ အမှန်ပါ။ယောကျာ်းတကာ ရင်ခွင်မှာ အိပ်စက်ပြီး ရှာလို့ရလာတဲ့ငွေကြေးနဲ့ မေဖြူ့ကို ဒီအရွယ်ထိရောက်အောင် ရှာဖွေကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေကိုလဲ မေဖြူဆပ်ချင်ပါတယ်။

" သမီးခြေထောက်ကို ဆေးလိမ်းလိုက်အုံး ...အမေလိမ်းဆေးဘူးဝယ်လာခဲ့တယ် "
       အမေ့လက်ထဲက လိမ်းဆေးဘူးကဲ မေဖြူယူလိုက်ပြီး အိပ်ခန်းဆီကို လျှောက်လာခဲ့လိုက်တယ်။

~~~~~~~~~~~~~~~~~~~~~
"ဒါဆို သူလက်ခံလိုက်ပြီပေါ့ ဟုတ်လား "

" အင်း လက်ခံလိုက်တယ် .. သမီးကိုကြည့်ပြီး ကျုပ်စိတ်ထဲမှာ သနားမိသလိုပဲ ကိုအောင်မိုးရယ် "

"သနားတယ် ဟုတ်လား ...ဘာကို သနားတာလဲ ...အပျက်မအိမ်ကနေ ကိုယ်ပိုင်တိုက်နဲ့ ကားနဲ့ နေရမှာကိုသနားရအောင် မင်းရူးနေတာလားဝါစိန် "

" အို မသိဘူးတော် ...ရှင်ကတော့ အကြွေးမဆပ်ရလို့ ပျော်နေမှာပေါ့...ဒါနဲ့ ရှင်နောက်ထပ်ရှုပ်ဖို့တော့ မတွေးနဲ့နော် ....လောင်းကစားဆိုပြီး ဟိုဘက်ရပ်ကွက်က ကောင်မဆီကို သွားသွားနေတာကို ကျုပ်မသိဘူးမထင်နဲ့ ... မနေနိုင်ရင် အပြီးဆင်းသွားလိုက်.. ကျုပ်တို့သားအမိဆီကချူပြီးတော့ မယားငယ်မဆီတော့မပေးနဲ့နော် မိလို့ကတော့ ရှင်တို့ကိုသတ်ပြီး ထောင်ထဲဝင်သွားလိုက်မှာ "

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now