#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက် ဝတ္ထုရှည် )အပိုင်း (၂၀ )
***************************
"ဘာဖြစ်တာလဲ မေဖြူရယ် ...လန့်လိုက်တာ "မမချိုက ပွစိပွစိပြောရင်း ကားထဲကိုငုံ့ကြည့်တယ်။
"သူဖျားနေတာထင်တယ် မမချို ...အိမ်ပေါ်ကို ကူတွဲပေးကြပါအုံး ..ပြီးရင်လမ်းထိပ်ဆေးခန်းက ဆရာဝန်ကို ခေါ်ပေးကြပါအုံး "
မေဖြူက မမချိုကိုလှမ်းပြောလိုက်ရင် ညီလင်းညိုရဲ့လက်မောင်းကနေ ဆွဲပြီးအပြင်ကို ဆွဲခေါ်လိုက်တယ်။
"ကိုညီ လမ်းလျှောက်နိုင်လား ..မှေးပြီးလိုက်ခဲ့နော် ..မေဖြူတို့တွဲပေးမယ် "
" အင်း "
ညီလင်းညိုက ခေါင်းကိုငြိမ့်ပြရင်း ပြန်ဖြေလိုက်တယ်။
"ဟယ် ....ညီ ...ညီလင်းညိုတော့ "
"နွယ်နီ ..တိုးတိုး...တိုးတိုးပြောပါ ဟယ် ... နင်အော်တာငါပါလန့်တယ် ...တော်ကြာ အိမ်ပေါ်က မမတွေ ပြေးဆင်းလာကြအုံးမယ် "
အလန့်တကြားထအော်လိုက်တဲ့ နွယ်နီ့ကို မေဖြူ့မှာ အမြန် ဟန့်လိုက်ရတယ်။
~~~~~~~~~~~~~~~~~._~
"ဟယ်တော့ ... သူ ..သူ...ညီလင်းညိုလားဟင် မမဖြူ ""ဟုတ်တယ် .. သူက ညီလင်းညို "
ထင်တဲ့အတိုင်းပဲ အိမ်ပေါ်တက်ခဲ့တော့ အင်္ကျီတွေပါကင်ထည့်နေတဲ့မမချောနှစ်ယောက်က မေဖြူတို့နားကို ဝုန်းခနဲထလာပြီး အသက်မရှူတမ်း မေးကြတော့တာပဲ။
"ဟဲ့ မပိုးစိန်တို့ရေ ...ဒီမှာ နေမကောင်းဘူးဟဲ့ ... ကိုယ့်နေရာကိုယ်သွားနေကြစမ်း ..မိတ်ဆက်ချင်ရင် သူသက်သာသွားမှ မိတ်ဆက်ကြ ... နွေးနွေးရေ လမ်းထိပ်က ဆရာဝန်ကိုခေါ်ပေးအုံး ...ဖျားနေတာလို့ ပြောလိုက် "
. မမချိုက အကွက်ကျကျ အော်လိုက်မှ ကောင်းမလေးတွေ နည်းနည်းငြိမ်ကျသွားကြတယ်။
" သူ့ကို ဘယ်မှာလှဲခိုင်းမှာလဲ မေဖြူ "
မမချိုအမေးကြောင့် မေဖြူ ခေါင်းကိုကုတ်လိုက်မိပြီးမှ
"ဟို ...မေဖြူ့အခန်းပဲနေရာရှိတာမဟုတ်လား ...မေဖြူ့အခန်းထဲပဲ ခေါ်သွားလိုက်မယ် "
YOU ARE READING
ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
Romance#ချစ်ခြင်းနဲ့လင်းတဲ့ကြယ် (အခန်းဆက်ဝတ္ထု) စ/ဆုံး ဇာတ်လမ်းအကျဉ်း.... ပြည့်တန်ဆာမိခင်နဲ့ / ပြည့်တန်ဆာခေါင်းလုပ်စားတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာခဲ့တဲ့ မေဖြူဖြူ။ မိဘနှစ်ပါးက မေဖြူဖြူကို သူတို့တွေရဲ့ လုပ်ငန်းခွင်ထဲကို ဆွဲသွင်းဖို့ ကြိုးစားခဲ့တဲ့အခါ ...