ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 18

108 3 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက်ဝတ္ထုရှည် )

   အပိုင်း ( ၁၈ )
*****************************
        ဦးထုပ်ကိုခေါင်းပေါ်ကိုခပ်ငိုက်ငိုက်ဆွဲချလိုက်ရင်း ကားပြတင်းကနေဘေးမြင်ကွင်းတွေကို မေဖြူကြည့်လာခဲ့တယ်၊၊ငါးနှစ်အတွင်းမှာ ပြောင်းလဲသွားတာတွေကမယုံနိုင်စရာကောင်လောက်အောင်ပါပဲ။ကားလမ်းမတွေက အစ ရပ်ကွက်အတွင်းလမ်းတွေ အကုန်ကွန်ကရစ်ခင်းတဲ့လမ်းတွေဖြစ်ကုန်ကြပြီ။သွပ်မိုးထရံကာအိမ်တွေကနေတိုက်ခံအိမ်လေးတွေဖြစ်နေကြပြီ။
    ကားဆရာကိုလမ်းညွှန်ပြရင်း မေဖြူ့ရင်တွေတထိတ်ထိတ်ခုန်လှုပ်နေခဲ့တယ်။ဦးကျော်၀င်းတို့အိမ်ရှေ့ကို ကားဖြတ်မောင်းချိန်မှာ တစ်ထပ်တိုက်ပုလေးကနေနှစ်ထပ်အိမ်ကြီးဖြစ်နေတာကို မြင်လိုက်ရတော့ မေဖြူဇဝေဇဝါဖြစ်သွားမိတယ်။အိမ်များအသိမ်းခဲ့လိုက်ရပြီးလားလို့ တွေးမိရင်း ကားကိုရပ်ကွက်ထဲ ပတ်မောင်းခိုင်းရင်းမိခင်ကိုရှာနေမိတယ်။

'' ဟို ...ကားဆရာ ...ဟိုဘက်ရပ်ကွက်ကိုမောင်းပေးပါနော် ..."

~~~~~~~~~~~~~~~~~~~~~~

        မေဖြူ ဘေဘီဝဲယာကိုကြည့်ပြီး ကားပေါ်ကအမြန်ဆင်းလိုက်တယ်။
"မမအေး ..မမအေး "

        ပိတ်ထားတဲ့ခြံတံခါးဝကနေ မေဖြူအသံခပ်အုပ်အုပ်နဲ့ လှမ်းခေါ်လိုက်တယ်။

"မမသက် ... မမသက် "

"ဟေ ... ဘယ်သူလဲ...လာပြီ...လာပြီ...ခဏလေး "

          အသံနဲ့အတူ အိမ်ထဲကထွက်လာတဲ့ မမအေးကိုကြည့်ပြီး မေဖြူဝမ်းနည်းဝမ်းသာခံစားလိုက်ရတယ်။

"မမအေး "

"ဘယ်သူတုန်းဟဲ့ ...ဟယ်  မေ....မေဖြူလား "

       မမအေးတစ်ယောက်မေဖြူ့ကို အံ့သြစွာကြည့်လိုက်ပြီး

"မေဖြူရယ် နေနိုင်လိုက်တာနော်...မမအေးတို့မှာ မေဖြူနဲ့ အဆက်အသွယ်မရတော့လို စိုးရိမ်လိုက်ရတာ ....လာ..လာအိမ်ထဲဝင်မယ် "
~~~~~~~~~~~~~~~~~~~~
"ကဲ ဘယ်လိုတွေဖြစ်တာလဲ ပြောပါအုံး "

  "တောင်းပန်ပါတယ် မမအေးရယ် .. ရပ်ကွက်ထဲက အကြောင်း တွေမသိချင်တော့တာနဲ့ မမအေး တို့ကိုအဆက်အသွယ်ဖြတ်ခဲ့မိတာပါ ...မမအေးတို့ရောအဆင်ပြေလား "

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now