ချက်ချင်းနဲ့လင်းတဲ့ကြယ် 4

136 2 0
                                    

"ချစ်ခြင်းနဲ့ လင်းတဲ့ကြယ်"
(အခန်းဆက် ဝတ္ထု)

အပိုင်း (၄ )
************************

       မေးဖြူမေးလိုက်ပေမဲ့ ဖြန်ဖြေသံမကြားရ။အိပ်ရာဘေးနားမှာ အမြဲချထားတဲ့ တုတ်ပိုင်းကို စမ်းယူလိုက်ပြီး မေဖြူအိပ်ရာထဲက ထလိုက်တယ်။

"ချောက် "
            မတ်တတ်ရပ်လိုက်တာနဲ့ မီးခလုတ်ကို ခပ်မြန်မြန်ဖွင့်လိုက်တယ်။ချောက်ခနဲမီးခလုတ်သံသာထွက်လာတာ မီးကလင်းမလာခဲ့ဘူး။မေဖြူဆီမှာလဲ ဓါတ်မီးကမရှိ ။ ကိုယ့်အိမ်မို့ အမှောင်ထဲမှာပဲ မေဖြူစမ်းတဝါးဝါးနဲ့ ထွက်လာခဲ့လိုက်တယ်။

"အမေလား ...အဖေ ....အ "

           မျက်နှာတည့်တည့်ပေါ် ဝင်းခနဲ ကျရောက်လာတဲ့ မီးအလင်းရောင်စူးစူးကြောင့် မေဖြူ့မျက်လုံးတွေ ပြာခနဲ ဖြစ်သွားတယ်။

"ဘယ်သူလဲ ...ဘာလုပ်တာလဲ အော်လိုက်မှာနော် "

        ခေါင်းကိုငုံ့ကာ မီးရောင်ကိုရှောင်လိုက်ပြီး မေဖြူအသံကျယ်ကျယ်နဲ့ ပြောလိုက်ပေမဲ့မီးရောင်က မေဖြူ့မျက်နှာတည့်တည့်ကိုသာလိုက်ပြီးချိန်ထိုးနေတယ်။မေဖြူ လက်ထဲကသစ်သားတုတ်ကို မြှောက်ကိုင်လိုက်ရင်း မီးရောင် တည့်တည့်ဆီကို တိုးသွားလိုက်တယ်။
" ကဲဟာ သေစမ်း "

          သစ်သားတုတ်ကို လွှဲလိုက်ပြီးအားပါးတရ ရိုက်ချလိုက်တယ် ။ရိုက်ချက်ကလေကိုသာရိုက်မိသွားပြီး မေဖြူ့ခန္ဓာကိုယ်က အရှိန်မထိန်းနိုင်တော့ဘဲ ယိုင်ခနဲ လဲကျသွားတယ်။ ဒီအျိန်မှာပဲလျင်မြန်လှတဲ့ လက်တစ်စုံက မေဖြူ့ကို လှမ်းဆွဲပြီး အိပ်ခန်းထဲကို ဆွဲသွင်းသွားခဲ့တယ်။ဒီတော့မှ မီးရောင်ထိုးသူကသက်သက် တစ်ယောက် ဆွဲသူကတစ်ယောက်မှန်း မေဖြူသိလိုက်ရတယ်။

"လာကြပါအုံး ....."  အထိတ်ထိတ်အလန့်လန့်နဲ့ အော်ဟစ်လိုက်တဲ့ မေဖြူ့အသံက အမည်မသိသူရဲ့ လက်ဖဝါးကြမ်းကြမ်းကြီးနဲ့ ပါးစပ်ကို ဖိပိတ်ခံလိုက်ရတာမို့ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားရတယ်။မေဖြူ့ပါးစပ်ကို လက်တစ်ဖက်ကပိတ်ထားပြီး လက်တစ်ဖက်က မေဖြူ့ခန္ဓာကိုယ်ကို အမေတို့ ခုတင်ပေါ်ကို အတွန်းထိုးချနေတယ်။ ပျော့တိပျော့တွဲ အသားနဲ့ အရည်တွဲတွဲလက်ကြီးတွေရဲ့အထိအတွေ့ကြောင့် ဘယ်သူလဲဆိုတာကို မေဖြူ ချက်ချင်းသိလိုက်တယ်။ ဒီလူက ဦးချမ်းဆိုတဲ့လူကြီးပဲ။ အခန်းပြင်မှာစောင့်နေတဲ့သူက ဒီလူကြီးရဲ့ကားဒရိုင်ဘာဖြစ်ဖို့များတယ်။ ဒါက ကြိုတင်ကြံစည်ထားခြင်းလား။ ဒီအကြံအစည်မှာ အမေတို့ ပါဝင်နေတာလား ။ မေဖြူ့အံကိုတင်းတင်းကြိတ်လိုက်မိတယ်။ပြီးတော့ မေဖြူ့ခန္ဓာကိုယ်ကို အတင်းချုပ်ထားပြီး အပေါ်ကနေဖိထားဖို့ ကြိုးစားနေတဲ့အဘိုးကြီးရဲ့ မျက်နှာရှိရာကို မှန်းဆပြီး မေဖြူ့ခေါင်းနဲ့ အားကုန်ဆောင့်ပစ်လိုက်တယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now