ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 8

111 4 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက် ဝတ္ထု )

အပိုင်း (၈ )
*************************

" ဝမ်း ..၀မ်းသာပါတယ်နော် အထွန်း ... မင်္ဂလာဆောင်ကိုတော့ ငါမလာတော့ဘူးနော် ...နင့်အိမ်ကလဲ ဖိတ်ခိုင်းမယ်မထင်ဘူး ... ငါလဲ အိမ်ပြောင်းတော့မှာလေ ...ပြီးတော့လေ အထွန်း ... ငါ့ ဒီစကားက နင့်ကို ဖြေရှင်းချက်ပေးတာ မဟုတ်ဘူးနော် ... အမှန်တိုင်းသိရအောင်ပြောတာ ...ငါနဲ့ ဦးချမ်းဘာမှ မပတ်သက်ဘူး .... ငါ့မိဘတွေစိတ်ချမ်းသာအောင် ခေါင်းငြိမ့်လိုက်ရုံပဲ ..နင့် ငါ့ကိုအပါစားမိန်းမလို့ပြောတဲ့နေ့က အဲ့ဒါနင့်ကို့ နှုတ်ဆက်ချင်လို့ လိုက်ရှာနေခဲ့တာ ...ငါ ထွက်သွားတော့မှာမလို့လေ ဒါပေမဲ့ ငါ့အဖေကလဲ ရုတ်တရက်ထွက်သွားပြီး ဦးချမ်းကလဲ ဆုံးသွားတော့ အမေ့ကို မထားခဲ့ရက်လို့ ငါမသွားတော့တာ ငါ့မှာ သွားစရာလဲ မရှိဘူးလေ.. လူတွေ ငါ့အကြောင်းတွေပြောနေတာကိုသိပါတယ် .. ပြောအောင်လဲ ငါ့အမေကလိုက်ပြောခဲ့တာလေ ... အဲ့ဒီလိုပြောတဲ့သူက အခြားသူသာဆိုရင်တော့ ငါသတ်ပစ်လိုက်ပြီးပြီ ...ဒါပေမဲ့ ငါ့မိဘကိုယ်တိုင်ဖြစ်နေတော့ ငါဘာလုပ်ရမလဲ ... ငါ့ကိုဒီအရွယ်ရောက်အောင် ကျွေးမွေးစောင့်ရှောက်ခဲတဲ့သူလေ ... ငါအားလုံးကို နားလည်သွားပါပြီ အချိန်တန်ရင် တော့ မနေသင့်တော့တဲ့အရပ်မှာ ငါမနေတော့ပါဘူး ..နင့်ကို အခုကတည်းက နှုတ်ဆက်တယ်နော် သူငယ်ချင်း ...နောက်ဆို ငါအန္တရာယ်ကြုံနေတယ်ဆိုရင်လဲ နင်လာမခေါ်နဲ့တော့နော်  "

            အထွန်းကငေးငိုင်ပြီး ကြည့်နေတယ်။အထွန်းကို ကျောခိုင်းပြီး မေဖြူထွက်လာခဲ့တယ်။

"မေဖြူဖြူ  "

         အထွန်းရဲ့ခေါ်သံ ထွက်လာတယ်။မေဖြူ နောက်ကိုအသာလှည့်ကြည့်လိုက်မိတယ်။

"အခုချိန်မှာ ငါ့ကိုယ်ငါမပိုင်သေးပေမဲ့ ငါပေးခဲ့တဲ့ကတိကိုတည်အောင်ကြိုးစားမယ် ...နင့်ကိုငါယုံတယ်နော် "

         အထွန်းရဲ့ စကားကြောင့် မေဖြူ့ရင်တွေ ပေါက်ကွဲလုမတက်ခုန်လှုပ်သွားမိတယ်။မကြာခင် စေ့စပ်တော့မယ်ဆိုတဲ့အထွန်းက ဘာကိုပြောချင်တာလဲ မေဖြူ သေချာနားမလည်ပေးမဲ့ မေဖြူ့ကို ယုံတယ်ဆိုတဲ့ စကားနဲ့တင် မေဖြူကျေနပ်ပါပြီလေ။ မေဖြူ အထွန်းကို ပြုံးပြလိုက်တယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now