ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 23

122 2 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက်၀တ္တုရှည် )

အပိုင်း (၂၃ )
**************************

"ဘာများဖြစ်လို့လဲ အမေ ...အရေးကြီးတယ်ဆိုလို့ သမီးဖြင့်လန့်ပြီးပြေးလာခဲ့တာ "

         ကြည်ကြည်ထွန်းက အိမ်ထဲကို၀င်လာရင်းနဲ့ ပြောလိုက်တယ်။

"အရေးကြီးဆို နင်တို့မောင်ကိစ္စပဲလေ ... ညစာရောစားပြီးခဲ့ပြီးလား ..."

  "စားဖို့ပြင်နေရင်း အမေ့ဖုန်းဆက်တာနဲ့ထလာတာပဲ "

" အေးပါ မောင်စောနဲ့မြေးလေးလဲပါတယ်မဟုတ်လား ....ဒီမှာပဲစားသွားကြတော့...ကိစ္စတော့ စားပြီးမှ ပြောကြမယ် "

"ဟုတ်ကဲ့ ....အမေ "

~~~~~~~~~~~~~~~~~~~~~
      ဧည့်ခန်းထဲမှာ မိသားစုတွေထိုင်နေကြပြီး မိခင်ဖြစ်သူဒေါ်လှလှမြင့်ပြောမဲ့စကားကို စောင့်စားနေကြတယ်။ ဒေါ်လှလှမြင့်က အားလုံးရဲ့မျက်နှာတွေကို လိုက်ကြည့်လိုက်ပြီးနောက် သားဖြစ်သူဆီမှာအကြည့်ကို အဆုံးသတ်လိုက်တယ်။

"ကိစ္စကတော့ အငယ်ကောင်ကိစ္စပဲ... သားငယ်နဲ့မြတ်ပန်းလှစေ့စပ်ထားတာကို ဖျက်သိမ်းဖို့ကိစ္စကို ပြောမလို့ပါ ...ဒီသတင်းကို သတင်းစာထဲမှာထည့်မယ် "

" ရှင် "

"ဘယ် ..ဘယ်လိုဖြစ်တာလဲ အမေ .. မင်္ဂလာပွဲကျင်းပခါနီးမှ ဘာဖြစ်ရတာလဲ ...ဟိုနေ့က ကိစ္စ ကြောင့်လား "

      သမီးတွေက မိခင်ဖြစ်သူကို အလန့်တကြားနဲ့ မေးလိုက်ကြတယ်။အေးလင်းထွန်းကတော့ သူနဲ့မဆိုင်သလို အေးရာအေးကြောင်းထိုင်ပြီး တီဗီကို ကြည့်နေတယ်။

"ဟိုနေ့ကကိစ္စကို သူသိပုံတောင်မရပါဘူး ...အခုက သူကဆရာဝန်ဖြစ်သွားပြီဆိုတော့  ဒီလက်ထပ်ပွဲကို မလုပ်ချင်တော့ဘူးလေ.... သူက အသစ်တွေ့နေပုံရတယ်... အကြွေးတွေဝိုင်းနေလို့ ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကိုမှမထောက် ကျေးဇူးကန်းစကားတွေတောင် ပြောလိုက်သေးတယ် "

"ဘယ် ..ဘယ်လို အမေ ... မြတ်ပန်းလှကအဲ့ဒီလို့မိန်းခလေးမျိုးလား .. မထင်ရဘူးပဲ "

" သူဒီလိုဖြစ်နေတာကို အငယ်ကောင်မသိဘူးလား ...သူဘယ်သူနဲ့ တွဲနေလဲဆိုတာကို မင်းမသိဘူးလား "

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now