ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 14

100 2 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက်ဝတ္တုရှည် )

အပိုင်း(၁၄)
***************************** "ဒါက ဘယ်သူ့အိမ်လဲအထွန်း..."

        အခန်းတံခါးသော့ကို ဖွင့်နေတဲ့ အထွန်းကိုကြည့်ပြီး မေဖြူမေးလိုက်မိတယ်။အခန်းက မေဖြူတို့နေတဲ့ အခန်းတွေလိုတိုက်ခန်းတွဲမျိုးပဲ။

" သူငယ်ချင်းအခန်းပါ  ..ဒီနေ့ဖြူနဲ့ အေးအေးဆေးဆေးစကားပြောချင်လို့ သူ့ကိုအကူအညီတောင်းလိုက်တာ ...ဖြူဗိုက်ဆာနေပြီလား "

        အထွန်းက ပြောပြောဆိုဆိုနဲ့ ဝယ်လာတဲ့ အထုတ်တွေကိုယူပြီး နောက်ဖေးဘက်ကို ဝင်သွားတယ်။မေဖြူ့မှာ ဧည့်ခန်းထဲမှာထိုင်ရင်း အထွန်းကို လိုက်ကူပေးရမလားလို့ တွေဝေနေမိတယ်။

" ဖြူ ကိုယ့်ကိုလာကူပေးအုံးလေ "

         နောက်ဘက်အခန်းထဲက အထွန်းခေါ်သံကို ကြားလိုက်ရတားမို့ မေဖြူယောင်ဝါးဝါးနဲ့ မီးဖိုခန်းထဲကို ၀င်သွားလိုက်တယ်။

"ဖြူ စာမေးပွဲဖြေနိုင်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီနေ့ ဖြူကြိုက်တာတွေကို ကိုယ်တိုင်ချက်ကျွေးမယ်နော် "

        အထွန်းကပြောပြီး ကြက်ဥတွေကို ပန်းကန်လုံးထဲဖောက်ထည့်နေတယ်။

" အလုပ်ရှုပ်ခံလို့ အထွန်းရယ်....အသုပ်လေးဘာလေးဝယ်စားလိုက်လဲ ဖြစ်တာကို "

        ပိုင်ရှင်မရှိဘဲသူများအခန်းမှာ ချက်ပြုတ်နေရတာမို့ မေဖြူ စိတ်ထဲမဝံ့ရဲဖြစ်နေမိတယ်။စိတ်ထဲမှာလဲမေဖြူတို့ကို တစ်မျိုးထင်သွားမှာကို ကြောက်နေမိတယ်။ အထွန်းကတော့ ဘာကိုမှတွေးမိပုံမရဘဲ အေးအေးဆေးဆေးပဲရှိနေတယ်။
" မေဖြူ ဘာလုပ်ပေးရမှာလဲ အထွန်း "

"ဘာမှလုပ်စရာမလိုပါဘူးကွာ ...ဒီတိုင်း ကိုယ့်ဘေးနာမှာပဲရပ်နေပေး ဟုတ်ပြီလား  "
        အထွန်းက ပြုံးမြမြမျက်နှာထားနဲ့ပြောရင်း မေဖြူ့နဖူးကိုနမ်းလိုက်တာမို့ မေဖြူ့တစ်ကိုယ်လုံးရှိန်းခနဲဖိန်းခနဲဖြစ်သွားမိပြီး ထူထူပူပူနဲ့ ခုံပေါ်တင်ထားတဲ့ ဟင်းချက်စရာတွေကို အဓိပ္ပါယ်မဲ့ဟိုဒီဒီလိုက်ရွှေ့နေမိတယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now