#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက်ဝတ္ထုရှည် )အပိုင်း ( ၂၅ )
********************************
မေဖြူနှုတ်ခမ်းလေးကိုကွေးကာ မဲ့ပြုံးလေးပြုံးလိုက်မိတယ်။''အန်တီပြောလို့ပြီးရင် ... ကျွန်မပြောပါရစေရှင်.... မကြာခင် ကိုညီရောက်လာပါလိမ့်မယ် ... အားလုံးရှေ့မှာပဲ ကိုညီကဒီလိုမျက်နှာများသူလားဆိုတာကို မေးကြည့်ပါ့မယ် ...တကယ်ပဲ ကိုညီနဲ့ဒီကမဖူးငုံတို့ပတ်သက်မှုရှိနေတာဆိုရင် မေဖြူ့ဘက်ကအဆက်အသွယ်ဖြတ်ပေးပါ့မယ် ..ဒါပေမဲ့ ကာယကံရှင်မသိဘဲ ဒီလိုမျိုးတစ်ဖက်သတ်လာပြောရုံနဲ့တော့ လက်မခံပါဘူး.... တစ်ဖက်စကားကိုကြားရုံနဲ့ ကိုညီရဲ့ ကိုယ်ကျင့်တရားကို မယုံကြည်တာမျိုးမလုပ်နိုင်ပါဘူး ... ကျွန်မကအခြားသူတွေထက် သူ့ကိုပဲယုံကြည်ပါတယ် ..."
မေဖြူ့ရဲ့စကားကြောင့် ဖူးငုံတစ်ယောက်ဒေါသတကြီးနဲ့ ထရပ်လိုက်ပြီး
" ဘာပြောတယ် ... မင်းပြောတဲ့အဓိပ္ပါယ်က ဘာသဘောလဲ .. တို့ဘက်ကပဲ လုပ်ကြံပြောတယ်လို့ စွပ်စွဲနေတာလား ... တို့နဲ့ ညီ ချစ်နေကြတာဆယ်တန်းကျောင်းသားဘ၀ကတည်းက သိရဲ့လား ... မင်းလို အထိန်းအကွပ်မရှိတဲ့သူက ညီညီ့ကိုဘာတွေပေးပြီး မြူဆွယ်ထားလဲမသိပေမဲ့.. .. တို့တွေ လမ်းခွဲမှာမဟုတ်ဘူး... မကြာခင် လက်ထပ်တော့မှာ...မင်းရဲ့အရှက်မရှိအောက်တန်းကျတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက်ပါ "
" ဟုတ်တယ် မိန်းခလေး ... မင်း အရှက်မကွဲချင်ရင် အေးအေးဆေးဆေး နောက်ဆုတ်လိုက်ပါ ...မိန်းခလေးချင်းကိုယ်ချင်းစာလို့ .. တို့ဘက်ကယဉ်ယဉ်ကျေးကျေးလာပြောတာနော် "
အပြိုင်အဆိုင်ပြောနေကြတဲ့ နှစ်ယောက်သားကိုကြည့်ပြီး မေဖြူ့ရင်ထဲမှာဒေါသတွေဆူဝေလာတာကို မနည်းပင်မျိုချတားဆီးထားလိုက်ရတယ်။သူတို့နှစ်ယောက် ပြောနေတာကို နားထောင်ပေးနေလိုက်ပြီး သူတို့ပြောလို့၀သွားပုံရမှ နှစ်ယောက်ရဲ့မျက်နှာတွေကို တည့်တည့်စိုက်ကြည့်ပြီး မေဖြူပြောလိုက်တယ်။
"အန်တီတို့ပြောနေတာတွေအတွက် မေဖြူအရင်ဆုံးပြောချင်တာက ...ကိုညီနဲ့ မေဖြူကရိုးရိုးသားသားခင်မင်နေကြတဲ့သူတွေပါ ... ကိုညီကတော့ မေဖြူ့ကို မေတ္တာရှိကြောင်းဖွင့်ပြောထားပါတယ် ... ဒါကို မေဖြူ့ဘက်က လက်မခံရသေးပါဘူး ...တကယ်လို့သာ ကိုညီကသူ့မှာချစ်သူရှိနေရဲ့နဲ့မေဖြူ့ကို ချစ်စကားပြောတာဆိုရင် ... ဒီကိစ္စကို မေဖြူ ခွင့်မလွှတ်ပါဘူး ...ဒါမှမဟုတ် ဒီကိစ္စတွေက အမှန်တရားမဟုတ်ဘူးဆိုရင် ...ဒီနေ့ပဲ ကိုညီရဲ့ မေတ္တာကိုမေဖြူလက်ခံလိုက်ပါမယ် .."
YOU ARE READING
ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
Romance#ချစ်ခြင်းနဲ့လင်းတဲ့ကြယ် (အခန်းဆက်ဝတ္ထု) စ/ဆုံး ဇာတ်လမ်းအကျဉ်း.... ပြည့်တန်ဆာမိခင်နဲ့ / ပြည့်တန်ဆာခေါင်းလုပ်စားတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာခဲ့တဲ့ မေဖြူဖြူ။ မိဘနှစ်ပါးက မေဖြူဖြူကို သူတို့တွေရဲ့ လုပ်ငန်းခွင်ထဲကို ဆွဲသွင်းဖို့ ကြိုးစားခဲ့တဲ့အခါ ...