ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 12

104 3 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက်ဝတ္ထုရှည်)
အပိုင်း( ၁၂ )
*************************
"အ ... အမေ ....ဘယ်လိုလုပ်လိုက်တာလဲ ... ဘာလို့ မမေးမစမ်းဘဲ လုပ်ရတာလဲ...သူက သမီးသူငယ်ချင်းပါ  "

          မြေပြင်ပေါ်ကို ပြုတ်ကျသွားတဲ့ထမင်းပန်းကန်တွေကို ညီလင်းညို ငုံ့ပြီးကောက်လိုက်တာကို မြင်လိုက်ရတော့မှ မေဖြူသတိဝင်လာမိပြီး မိခင်ကို အထိတ်တလန့်နဲ့ပြန်ပြောလိုက်တယ်။

"ဘာသူငယ်ချင်းလဲ ...ညည်းကငါ့ကို ငတုံးထင်နေတာလား ..ဒီလိုကောင်မျိုးကို စက်ချုပ်ပြီးရှာကျွေးနေတာပေါ့လေ  "

" အမေ ဘာတွေပြောနေတာလဲ ...တော်ပါတော့  သမီးကို အရှက်လာခွဲတာလား...ပြန်ပါတော့ အမေရယ် သမီးတောင်းပန်ပါတယ် "

         အမေရဲ့အော်ကြီးဟစ်ကျယ်နဲ့ ပြောလိုက်တဲ့အသံကြောင့် မေဖြူ အမေ့ကို တောင်းပန်စကားပြောပြီး ပြန်ခိုင်းလိုက်တယ်။
" အေး ပြန်မှာပါ ...ငါတစ်ယောက်တည်းတော့ မပြန်ဘူး ..ညည်းငါနဲ့လိုက်ခဲ့ရမယ် ... သွား ....ညည်ပစ္စည်းတွေသွားသိမ်းစမ်း  "

       အမေက ပြောပြောဆိုဆိုနဲ့ မေဖြူအခန်းထဲကို ဝင်သွားပြီး မြင်မြင်သမျှပစ္စည်းတွေကို ကောက်သိမ်းနေတယ်။မေဖြူလဲ အခန်းထဲကို ၀င်လိုက်ပြီး  ပစ္စည်းတွေသိမ်းနေတဲ့အမေ့ကို လိုက်ဆွဲပြီး တားဆီးလိုက်တယ်။

"မလိုက်ဘူး အမေ .. သမီးမလိုက်ဘူး ... သမီးတစ်ယောက်တည်းပဲ နေမယ် ... "

" ဘာတစ်ယောက်တည်းလဲ ...ညည်းက ပိုက်ဆံမရတဲ့အပျော်မယားလုပ်ချင်နေတာလား ... "

       အမေက မေဖြူ့သိက္ခာကို အဆုံးစွန်း စော်ကားလိုက်ပါပြီ။ မေဖြူ အံ့သြထိတ်လန့်လွန်းလို့ အမေ့ကို ကြည့်ပြီး ဆွံ့အသွားမိတယ်။

"ဒီလိုကောင်မျိုးနဲ့တော့ ယူဖို့တွေးမနေနဲ့...  ညည်းကိုငါကိုယ်တိုင် လင်ပေးစားမယ် "

      နောက်ဆုံးတော့ မေဖြူ့ဆီလို အမေလာရခြင်းအကြောင်းကို မေဖြူသိလိုက်ပါပြီလေ။ အမေ့ဆီမှာ မေဖြူ့အတွက် ချစ်ခြင်းမေတ္တာတရားဆိုတာ မရှိနိုင်ဘူးဆိုတာကို မေဖြူ နားလည်လိုက်တယ်။

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now