ချစ်ခြင်းနဲ့လင်းတဲ့ကြယ် 15

104 2 0
                                    

#ချစ်ခြင်းနဲ့လင်းတဲ့ကြယ်
(အခန်းဆက်ဝတ္ထုရှည် )

(အပိုင်း ( ၁၅ )
*************************

''ငါအိမ်ပြောင်းရင် မင်းကိုလဲခေါ်မယ်လို့ပြောထားတယ်လေ ...မင်းလိုက်မှာမဟုတ်လား "

" မေ...မေဖြူလဲလိုက်ရမှာလား "

        မေဖြူ ဖြုန်းခနဲဝမ်းသာသွားမိပြိးမှ ခေါင်းကို ခပ်လေးလေးခါယမ်းလိုက်မိတယ်။

"ဘယ်လိုဖြစ်နိုင်မှာလဲ ..ငါတို့ကို သူများတွေပြောမှာပေါ့ .ပြီးတော့ ကိုညီ့ ကောင်မလေးသိသွားရင် ပြဿနာတွေတက်လိမ့်မယ် .."

"ဟာ...မင်းနဲ့ငါ တစ်အိမ်ထဲမှာအတူတူနေမယ်လို့များ ပြောမိလို့လားကွာ "

       ညီလင်းညိုစကားကြောင့် မေဖြူရယ်လိုက်မိပြီး

"မသိဘူးလေ ....ကိုညီကမှ သေချာမပြောတာ "

" ရှေ့လျှောက်ငါအလုပ်တွေတအားများတော့မှာ....အခွေသစ်လဲထပ်ထွက်မယ် ...နယ်ပွဲတွေလဲလိုက်ဆိုရတော့မှာ..ဒီအိမ်က မြို့ထဲနဲ့ဝေးလွန်းတယ်....ငါပြောင်းရင် မင်းကိုထားခဲ့ရမှာစိတ်မချဘူး ... မင်းစိတ်တော့မဆိုးနဲ့နော်... မင်းအမေပုံစံက မလွယ်ဘူး .. ပြီးတော့ မင်းအမေယောကျာ်းကလဲ အလုပ်မယ်မယ်ရရရှိတာမဟုတ်ဘူး...သူတို့တွေ တစ်နေ့နေ့တော့ မင်းကို ဒုက္ခပေးလိမ့်မယ်လို့ ထင်တယ် "

      ညီလင်းညိုစကားကြောင့်မေဖြူ ခေါင်းကို အသာငြိမ့်ပြလိုက်မိတယ်။

"ငါသိပါတယ် ... အမေက ငါ့ကို ဇွတ်တော့မလုပ်ရဲတော့ဘူး ထင်ပါတယ်...ငါလဲ ရေလိုက်ငါးလိုက်နေရင်း ရအောင်ရှောင်မှာပေါ့ ... အိမ်ပြောင်းဖို့ကိုလဲ စဉ်းစားထားပါတယ် "

" အခု ငါငှားဖို့လုပ်ထားတဲ့အိမ်က နှစ်ခန်းတွဲတိုက်အိမ်လေ ... မြို့ထဲဘက်နဲ့လဲနီးတယ်...ခြံနဲ့ဝန်းနဲ့ဆိုတော့ လုံလဲလုံခြုံတယ်..ပြီးတော့ မင်းလဲ စက်ချုပ်သမားခေါ်ထားလို့ရတယ် "

" အဲ့ဒါဆို အိပ်လခစျေးကြီးမှာပေါ့ ... မေဖြူတတ်နိုင်ပါ့မလားမသိဘူး "

" မကြာခင်လုပ်ငန်းရှင်ဖြစ်တော့မဲ့ သူဌေးမလောင်းရယ် .. အိမ်လခတစ်ဝက်ကိုငါစိုက်ပေးမယ်..မင်းက ငါအိမ်မှာရှိတဲ့ရက်ကို ထမင်းပဲကျွေးလေ ဖြစ်လား "

ချစ်ခြင်းနဲ့လင်းတဲ့ကြယ်Where stories live. Discover now