<Unicode>
ရှိန်းသီဟလက်နုနုလေးတွေနာကျင်မှာစိုးတာကြောင့်အသာဖမ်းချုပ်လိုက်ကာခန္တာကိုယ်သေးသေးလေးကိုရင်ခွင်ထဲထွေ့ဖက်လိုက်သည်။
သူ့မျက်ဝန်းမှလည်းမျက်ရည်ကြည်တို့ကဝိုင်းရံလာကာခင်ပွန်းလေးနည်းတူထပ်တူဝမ်းနည်းမိသော်လည်းသူပါပြိုလဲလို့မရပါ
သူပါပြိုလဲသွားရင်သူ့ခင်ပွန်းလေးကိုဘယ်သူကများနှစ်သိမ့်ပေးမှာလဲအားပေးပေးမှာလဲ"ကိုယ်..ကိုယ်သားငယ်လေးကိုရှာမတွေ့ခဲ့ဘူးငယ်လေးကိုယ်တောင်းပန်ပါတယ်..သားငယ်လေးကိုကိုယ်တွေ့အောင်မရှာနိုင်ခဲ့ဘူး"
"ဟင့်...မ..မဟုတ်ဘူးမဟုတ်လားဟင်ယောကျာ်းကျေး...ကျေးဇူးပြုပြီးကျွန်တော့်ကိုစနေတာလို့ပြောပေးပါနော်...သားငယ်လေးကိုဘာလို့မတွေ့ရမှာလဲ...ဟင့်...အင့်...."
တအင့်အင့်ရှိုက်ငိုကာတုန်ရီသောအသံလေးနဲ့ပြောလာတဲ့ချစ်ရသူလေးကြောင့်သူ့နှလုံးသားကိုဓားနဲ့အရှင်လက်လက်ထိုးခွဲးနေသလိုခံစားလိုက်ရကာခေါင်းလုံးလုံးလေးကိုပွတ်သပ်ကာနှစ်သိမ့်ပေးလိုက်ပြီးစိတ်ကြိုက်ငိုစေလိုက်သည်။
ပင်ပန်းကာအိပ်ပျော်သွားတဲ့ခင်ပွန်းလေးကိုကုတင်ပေါ်သေချာနေရာချပေးပြီးသည်နှင့်သားငယ်ကိုထပ်မံရှာဖွေရန်နှင့်လုပ်စရာရှိတာတွေကိုလုပ်ရန်လိုသေးတာမလိုအခန်းပြင်ပြန်ထွက်လာခဲ့လိုက်သည်။
...............
စွမ်အားရှင်တစ်ဒါဇင်လောက်ရဲ့အလောင်းတွေကိုကိုက်ဖြတ်စားသောက်နေသောAအဆင့်ရှိမျိုးရိုးဗီဇပြောင်းဝက်ဝံကြီးကသူ့ရဲ့လေးဖင့်နေတဲ့ခန္တာကိုယ်ကြီးကိုမကာကျေနပ်စွာဟိန်းဟောက်လို့သူ့ရဲ့ယာယီနေထိုင်ရာလှိုင်ဂူထဲကနေထွက်ခွာသွားတော့သည်။
အလောင်းတွေအားလုံးထဲမှာအကောင်းအတိုင်းကျန်ရစ်ခဲ့သည့်တစ်ခုတည်းသောအလောင်းမှာသစ်သားစွမ်းအားအဖွဲ့အစည်းရဲ့ခေါင်းဆောင်ရှိန်းသီဟနဲ့သူ့ခင်ပွန်းလေးတို့အလွန်စိတ်ပူနေကြသောသူတို့ရဲ့တစ်ဦးတည်သောသားသူရိန်ရှိန်းထက်ရဲ့အသက်မဲ့နေသောခန္တာကိုယ်ပင်ဖြစ်ကာ...
![](https://img.wattpad.com/cover/367324736-288-k563255.jpg)