အပိုင်း-၂၅

831 38 2
                                    

<Unicode>

လှိုင်းသံသာနွယ်တစ်ယောက်သူမအဖွဲ့အစည်းကလူတွေနဲ့အတူသီးသန့်ခန်းထဲရှိနေရင်းမှ‌ညနေကကိစ္စကိုခေါင်းထဲကလုံးဝထုပ်ပစ်လို့မရဘူးဖြစ်နေလေသည်။
သူမစိတ်ထဲမှာဘာလို့များတစုံတခုကိုလက်လွတ်ဆုံးရှုံးသွားရသလိုဘာကြောင့်များခံစားနေရတာလဲသူမစဉ်းစား၍မရပါ

သူစိတ်ထဲမှာသိတာကသူလမ်းမှာလာဝင်ရှုပ်နေတဲ့သူရိန်ရှိန်းထက်နဘေးကရှင်းသုခပိုင်ဆိုသည့်ကောင်ကိုဖယ်ရှားပစ်ချင်သည်ဆိုတာပဲ
သူမကိုအမြဲသဲသဲလှုပ်နေသည့်သူရိန်ရှိန်းထက်ကအခုတော့သူမကိုလေလိုသဘောထားကာထိုဘာမဟုတ်သည့်ကောင်ကိုသာသဲသဲလှုပ်ဂရုတွေစိုက်ပြနေခဲ့သည်။

အစကသူမကိုအရွဲ့တိုက်ချင်လို့ဟုတွေးထင်ခဲ့သော်လည်းထိုသို့ဟုတ်ပုံမရပေ
သူရိန်ရှိန်းထက်ရဲ့အပြုအမူတွေထဲမှာသူမတခါမှမမြင်ဖူးခဲ့သည့်ချစ်ခြင်းမေတ္တာတွေ၊နူညံ့မှုတွေ၊ဂရုစိုက်မှုတွေ၊ညင်သာမှုတွေကရောနှောပါဝင်နေခဲ့ကာထိုအရာကသူရိန်ရှိန်းထက်ရဲ့ပုံစံမဟုတ်ပေ

သူမကိုအသည်းအသန်လိုက်ပိုးခဲ့တုန်းကတောင်သူမကိုဆွဲးလားရမ်းလားနဲ့နှောက်ယှက်ခဲ့ခြင်းဖြစ်ကာမည်သည့်အခါကမှမကြင်နာခဲ့သလိုနူနူညံ့ညံ့လည်းမဆက်ဆံဖူးခဲ့ချေ...

"စီနီယာအမ...စီနီယာအမ..."

"ဟမ်...အမ်...အင်းဘာလည်းဝီလျှံ"

"လေလံပွဲးကစနေပြီလေ...စီနီယာအမကဘယ်တွေစိတ်ရောက်နေတာလဲ"

ဝီလျှံရဲ့စကားကြားမှလေလံစင်မြင့်ထက်ကြည့်မိလိုက်တော့အဟုတ်ကိုပင်သားသားနားနားဝတ်ဆင်ထားသည့်လူနှစ်ယောက်ကရောက်နေကာအားလုံးကိုနှုတ်ဆက်စကားပြောနေသည်။

"ကျုပ်တို့ရဲ့လေလံပွဲးကိုတကူးတကကြွရောက်လာကြတဲ့သူတွေကိုကျေးဇူးအထူးတင်ပါတယ်
ခင်ဗျားတို့သိကြတဲ့အတိုင်းအောင်မြင်ခြင်းလေလံရုံကတစ်ပတ်တစ်ခါလေလံပွဲးကျင်းပပေမယ့်ဒီနေ့ကတော့၆လတစ်ခါလေလံပွဲးကြီးကျင်းပတဲ့နေ့ရက်ကြီးဆိုတာအားလုံးလည်းသိကြမှာပါ...လေလံပွဲးအကြီးစားဆိုတဲ့အတိုင်းပဲလေလံတင်မယ့်ပစ္စည်းမှန်သမျှကတကယ့်ထိတ်တန်းပစ္စည်းတွေချည်းပဲဆိုတာအားလုံးလည်းသိကြမယ်ထင်ပါတယ် ...ကဲကဲ...ဒီကလူအိုကြီးကစကားဆက်မများတော့ပါဘူးပထမဆုံးလေလံတင်မယ့်ပစ္စည်းကတော့အဆင့်တက်ရာမှကူညီပေးနိုင်တယ့်မျိုးရိုးဗီဇပြောင်းနတ်ဘုရားသားရဲရဲ့သလင်းကျောက်အမြူတေးပဲဖြစ်ပါတယ်"

စာအုပ်ထဲကဗီလိန်တစ်ယောက်တဲ့လားWhere stories live. Discover now