<Unicode>
သူ့ဆီတိုးဝင်လာတဲ့ဓားသွားသဏ္ဍာန်တောင်ပံတွေကို
သူရိန်ရှောင်ရှားလိုက်ကာမိုးကြိုးတွေကိုကြိုးတစ်ချောင်းအသွင်နဲ့ဇာတ်လိုက်မထံပစ်လွှတ်လိုက်ကာချုပ်နှောင်လိုက်သည်။ဒါပေမယ့်Aအဆင့်သာရောက်သေးတဲ့သူရိန်ရဲ့စွမ်းအားတွေကိုဇာတ်လိုက်မကအသာလေးဖယ်ရှားလိုက်နိုင်ကာသူမရဲ့တိုက်ခိုက်မှုတွေကပိုမိုရက်စက်ကာသွေးအေးလာပြီးသူရိန်ရဲ့သေကွင်းသေကွက်တွေကိုချည်းရွေးချယ်တိုက်ခိုက်လာသည်
ဝုန်း....ဘုန်းး
"အဟွတ်...အဟွတ်..."
သတိတချက်လေးလွတ်သွားသည်ကိုအခွင့်ကောင်းယူကာရေခဲဆူးချွန်တွေနဲ့ပစ်လွှတ်လိုက်သည်မလို့မရှောင်လိုက်နိုင်ပဲအနောက်သို့လွင့်ထွက်သွားရကာလှိုင်ဂူနံရံနဲ့ထိတ်တိုက်တွေ့ဆုံသွားရကာရေခဲဆူးချွန်တွေကခန္တာကိုယ်ထဲဖောက်ဝင်သွားတာမလို့အညှာအတာမဲ့စွာဆွဲးထုတ်လိုက်သည်။
လှိုင်းသံသာနွယ်ကအရမ်းသန်မာလွန်းသည်ထိုအတိုင်းသာဆက်လက်တိုက်ခိုက်ပါကမဖြစ်မနေရှုံးနိမ့်ရမှာမလို့သူ့ကိုယ်သူဖောက်ခွဲးရမည့်နည်းလမ်းတစ်ခုသာကျန်တော့သည်။
သူရိန်ရဲ့ခန္တာကိုယ်ထဲကနေသူလက်ခံနိုင်သည်ထက်ပိုမိုးများပြားသောမိုးကြိုးစွမ်းအင်တွေကိုလက်ခံလာခဲ့ကာမိုးကောင်းကင်ကလည်းချက်ချင်းကိုပြောင်းလဲသွားကာမိုးတွေအုံ့မှိုင်းကာမိုးတွေချိန်းလာပြီးမိုးကြိုးတွေကတည်နေရာတစ်ခုထဲကိုသာပစ်ခတ်လာတော့လေသည်။
ထိုအပြောင်းအလဲကြောင့်ရှင်းသုခပိုင်ရဲ့မျက်နှာကပိုမိုဖြူဖျော့သွားပြီးအားကုန်သုံးကာအထဲကိုတိုးဝင်နိုင်ရန်ကြိုးပမ်းတော့သည်။
ဒါပေမယ့်သူ့ရဲ့ကြိုးပမ်းမှုကအရာမထင်ပဲသွေးတွေသာသူ့ရဲ့ခန္တာကိုယ်ကနေပိုမိုထွက်လာခဲ့ကာအလျှိုးရာတွေကခန္တာကိုယ်အနှံ့တည်ရှိနေလေကာသူ့ရဲ့ဒဏ်ရာတွေကနာကျင်နေသော်လည်းထိုနာကျင်မှုကသူ့ရင်ဘက်ထဲကနာကျင်ကိုမမှီနိုင်ပါ
ထိုအပြောင်းအလဲကိုတိုက်ခိုက်နေသည့်သူတွေကလည်းတွေ့လိုက်ရကာသူတို့ကပဟေဠိဖြစ်သွားရသည်။
ပိုမိုပြီးပဟေဠိဖြစ်သွားရသည်ကာမျိုးရိုးဗီဇပြောင်းသားရဲဒီရေကပြန်လည်ဆုတ်ခွာသွားကာထိုကျောက်လှိုင်ဂူသို့သာအလေားတကြီးဦးတည်လေသည်။
