<Unicode>
"ဘယ်လို!...ဖြစ်နိုင်လို့လားသံသာ..သမီးတွေ့ခဲ့တာသေရောသေချာရဲ့လား?"
လှိုင်းသံသာနွယ်အံ့ဩသင့်ကာမယုံကြည်နိုင်စွာပြန်မေးလာတဲ့ဖခင်ဖြစ်သူကြောင့်နားလည်စွာခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။
သူမတောင်မှမျက်လုံးနဲ့မြင်ခဲ့တာမှမဟုရင်ယုံကြည်နိုင်မှာမဟုတ်ပေ...အခုသူမျက်လုံးနဲ့သေချာတွေ့ခဲ့တာတောင်စိတ်ထင်ယောင်ထင်မှားဖြစ်ပြီးမြင်တာများလားဟုတောင်သံသယဝင်မိသေးသည်။
"ဟုတ်တယ်အဖေ..သမီးကိုယ်တိုင်မျက်လုံးနဲ့သေချာတွေ့ခဲ့တာသူရိန်ကသမီးမျက်စိရှေ့မှာတင်ရုတ်တရက်ကြီးပျောက်ကွယ်သွားတာ..."
"ဒါဆိုရင်တော့သူ့မှာအာကာသနယ်မြေရှိနေတာဖြစ်နိုင်တယ်!မယုံနိုင်စရာပဲ"
သုတစိတ်လှုပ်ရှားစွာဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ပြောလိုက်သည်။
ထိုသို့အာကာသနယ်မြေပိုင်ဆိုင်ထားသူသာသူတို့အဖွဲ့ထဲမှာရှိရင်လေထုညစ်ညမ်းမှုတွေရေထုညစ်ညမ်းမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာဖြစ်တဲ့အပင်မစိုက်ပျိုးနိုင်ခြင်းကိုဂရုစိုက်စရာမလိုတော့ပေ.....အာကာသနေရာလွတ်ကိုပိုင်ဆိုင်ထားတဲ့စွမ်းအားရှင်တွေကဒီကမ္ဘာပေါ်မှာသိပ်မကျန်ရှိတော့ပဲအလွန်ရှားပါးလာပြီဖြစ်ကာအများအားဖြင့်ဖုတ်ကောင်ကပ်ဘေးအတွင်းသေဆုံးသွားကြသည်ကများသည်။
ထိုအာကာသနယ်မြေသာရှိပါကထိုထဲမှာပဲမြေအိုးလေးတွေနဲ့ဖြစ်ဖြစ်အပင်စိုက်ပျိုးနိုင်ကာမျိုးရိုးဗီဇပြောင်းသတ္တဝါအဖြစ်ပြောင်းလဲသွားမှာကိုစိုးရိန်စရာမလိုတော့ပေ....
သုတရဲ့စိတ်တို့ကဒွိဟဖြစ်ကာနှစ်မျိုးနှစ်စားကွဲးနေသည်။
တဖက်ကလည်းထိုသို့စွမ်းရည်ပိုင်ရှင်မျိုးကိုရှာတွေ့နိုင်ခဲ့သည့်အတွက်အလွန်စိတ်လှုပ်ရှားနေပင်မယ့်တဖက်ကလည်းနောင်တတွေတသီကြီးရရှိနေသည်။အစကတည်းကသူ့သမီးသာသူရိန်ရှိန်းထက်ကိုလက်ခံခဲ့ရင်အခုချိန်မှာသူတို့ရေခဲစွမ်းအားရှင်အဖွဲ့အစည်းမှာအာကာသနယ်မြေစွမ်းအားပိုင်ရှင်တစ်ယောက်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပြီးတခြားအဖွဲ့အစည်းတွေထက်ကျော်လွန်နိုင်မှာဖြစ်သည်။
